"ကိုယ့်မေတ္တာတွေနဲ့ အိမ်မက်ဆိုးတွေ ကင်းဝေးပါစေ ငယ်..."

*****

နိုးနိုးလာချင်း တင်းကျပ်စွာဆုပ်ကိုင်ခံထားရတဲ့ အထိအတွေ့ တစ်ခု...။ညက ငိုလိုက်လို့ ထင်၏ ခေါင်းတွေလည်း ထိုးကိုက်နေတာကြောင့် ချက်ချင်းမထသေးဘဲ ငြိမ်ငြိမ်လေး နေနေမိ၏။လက်ကို ဆုပ်ကိုင်ခံထားရတာကြောင့် ကြည့်လိုက်တော့ Bright Vachirawit သူ့လက်ကို ကိုင်ကာ အိပ်ပျော်နေတာ....အိပ်ပျော်နေတဲ့သူကို ကြည့်နေရင်းမှ ဆံပင်လေးတွေကို ဖွကြည့်ချင်လာ၏။အတွေးဆုံးတာနဲ့ ခေါင်းပေါ်ကို လက်က လှမ်းပြီးသား ဖြစ်နေပြီး ဆံပင်တွေကြားထဲ လက်ထိုးထည့်ကာ ဖွဖွလေး ဖွနေမိ၏။မနေ့ကအကြောင်း ပြန်စဥ်းစားမိတော့ သူတို့တွေ စိတ်ဆိုးနေကြတာ...အိပ်ချိန်ရောက်တဲ့အထိတောင် ပုံပြင်ပြောပြဖို့ ရောက်မလာတဲ့သူကြောင့် ကြိတ်မှိတ်ပြီး အိပ်ပျော်အောင် အိပ်လိုက်ရတာ...သူပုံပြင်မပြောပြတဲ့နေ့မှ တိုက်တိုက်ဆိုင်ဆိုင် အိမ်မက်ဆိုးတွေ မက်တတ်သလား...စိတ်ဆိုးနေတဲ့သူက သူငိုသံကြားတော့ မနေနိုင်ဘူး ထင်၏။ရောက်လာပြီး လက်တောင် ကိုင်ပြီး လာအိပ်ပေးနေသေးတာ...ဘယ်လိုအခြေအနေ ရောက်ရောက် Vachirawit က သူ့ကို မထားခဲ့ဘူး...အိပ်တစ်ဝက် နိုးတစ်ဝက်ပေမယ့် ညက သူ့ကို ချော့နေတဲ့ စကားလုံးတွေကို တော့ ကောင်းစွာ မှတ်မိနေသေး၏။"ကိုယ်ရှိတယ် ငယ်တဲ့" တဖွဖွ​ရေရွတ်နေခဲ့တာ... သူ့ကိုခေါ်တဲ့ နာမ်စားလား...တစ်ကယ်ဘဲ ငယ်လို့ ခေါ်ခဲ့တာလား...Vachirawit တို့ သူ့ကို ကလေးလို သဘောထားနေတာလား....အခေါ်အဝေါ်ကို ကြိုက်တယ်လည်း မဟုတ်ပေမယ့် ထူးထူးခြားခြား စိတ်မဆိုးမိ။သူအတွေးတွေများနေတုန်းမှာဘဲ Vachirawit နိုးလာခဲ့၏။

"နိုးနေတာ ကြာပြီလား Win..."

အခုကျတော့ Win တဲ့...ဘာလဲ ငါအသိစိတ်လွတ်နေတဲ့ အချိန်မှ ခေါ်တာလား...Win စိတ်ထဲ တွေးနေမိ၏။

"အင်း..."

"ခေါင်းကိုက်နေသေးလား.."

"အင်း..နည်းနည်း...ဟို ညက..."

"အင်း..ငိုသံကြားလို့ တံခါးဖွင့်ပြီး ဝင်လာလိုက်တာ...စောင့်ပေးရင်းနဲ့ အိပ်ပျော်သွားတာဘဲ..."

Always With You (Completed)Opowieści tętniące życiem. Odkryj je teraz