"ခဏလေး ငါဖုန်းကိုင်လိုက်အုံးမယ်..."

ပုခုံးဖက်ကာ လျှောက်နေရာမှ Bright ဆီ ဖုန်းဝင်လာတာကြောင့် နံပါတ်ကြည့်လိုက်တော့ အိမ်ဖုန်းဖြစ်နေ၏။

"Hello..."

"သားရေ...အိမ်ကို အခုပြန်လာလို့ရမလား..."

"ဘာလို့လည်း ဒေါ်ကြီး တစ်ခုခုဖြစ်လို့လား..."

ဒေါ်ကြီးအသံက တုန်တုန်ယင်ယင်။ အားယူပြီး ပြောနေရတာမျိုး ဖြစ်၏။

"မြန်မြန်လေး..သား...အရေးကြီးလို့..."

"Kha..."

အရေးတကြီးနဲ့ တစ်ခုခုကို စိုးရွံ့နေတဲ့ အသံမို့ Bright လည်း ကားရပ်ထားတာဆီ အပြေးအလွှား...။

"အိမ်ကလား Bright ငါလိုက်ခဲ့မယ်..."

"အေး...တက်...ကျန်တဲ့သူတွေက စခန်းကိုဘဲ ပြန်လိုက်ကြတော့..."

"ဟုတ်ကဲ့ ဒုဂိုဏ်းချုပ်...."

တခဏလေးအတွင်းမှာ အရာအားလုံး ရုတ်ရုတ်သဲသဲ။အိမ်မှာက အဖေနဲ့အမေက ခရီးဘဲထွက်နေတာမို့ အိမ်ကိစ္စကို သူခေါင်းထဲ မထည့်ထားတာကြာပြီဖြစ်၏။ဒေါ်ကြီးကလည်း အရေးတကြီး ကိစ္စကလွဲရင် သူ့ဆီ ဖုန်းဆက်လေ့မရှိ။Mike ကတော့ တစ်လမ်းလုံး စိတ်မပူဖို့ပြောပေမယ့် Bright စိတ်ထဲ တထိတ်ထိတ်...။အိမ်ရှေ့ရောက်တာနဲ့ ကားကို ထိုးရပ်ရင်း ပြေးဆင်းလာမိတာ အပြေးအလွှား...။ခြံတံခါးတွေ အိမ်တံခါးတွေ ပွင့်လျက်သားမို့ သူအထဲထိ ပြေးဝင်လာခဲ့မိ၏။

"ဖြောင်း...!!!"

"အ့..."

"ဟင်...အဖေ..."

အိမ်ထဲရောက်ရောက်ချင်း ဖြတ်ရိုက်ခံလိုက်ရသည့် မျက်နှာ..အားဘယ်လောက်ပြင်းလည်း မသိ တောင့်တင်းသန်မာပါတဲ့ သူတောင် လည်ထွက်သွားပြီး ပုံခနဲ လဲကျသွား၏။ဒါအပြင် ငံကျိကျိအရသာရလာတော့ သွေးတွေပါ ထွက်လာတာ သိလိုက်ရ၏။ပုံလဲသွားတဲ့ သူ့ကို Mike က အပြေးအလွှား လာပြေးထူ၏။သေနတ်တောင် မချိန်အားလိုက်...။

"ထစမ်း...ဟေ့ကောင်...."

Mike လက်ထဲကနေ ကုန်းရုံးထရင်း အိမ်ထဲကို သေချာအကဲခတ်လိုက်တော့မှ သူမသိတဲ့ လူစိမ်းတွေပါ ရောက်နေတာ တွေ့လိုက်ရ၏။အမေ့ကိုတော့ သူမတွေ့....။

Always With You (Completed)Where stories live. Discover now