Part-28(zawgyi)

1.3K 117 0
                                    

Djသံတွေဆူညံနေတဲ့ Barအတွင်းရှိ ဂျောင်ကျကျစားပွဲဝိုင်းမှာတော့ ဝီစကီတွေတစ်ပတ်ပြီးတစ်ပတ်မော့သောက်နေတဲ့ကောင်လေးတစ်ယောက်ရှိလေ၏။ ထိုသူကားအခြားသူမဟုတ် ဆေးရုံမှစိတ်ဆိုးမာန်ဆိုးနဲ့ထွက်လာပြီး ဘယ်သွားရမှန်းမသိတာနှင့် အင်းယားလမ်းဘက်ရှိ Barတစ်ခုမှာလာပြီးစိတ်ညစ်ဝမ်းနည်းမှုတွေကို ဝီစကီနဲ့မျှောချနေသည့် ဒီမွန်နိုင်းပင်ဖြစ်သည်။

“အဆင်ပြေရဲ့လားညီလေး”

ရိုးရိပ်ရောက်လာသည့်အချိန်မှစ၍အခုထိဘာစကားမပြောဘဲ အရက်တွေချည်းမော့သောက်နေသည့် ဒီမွန့်ပုံစံကအရိုင်းဆန်လှသည်။

‌‌ရောင်စုံမီးရောင်အောက်တွင် နဂိုဖြူဖွေးသောမျက်နှာလေးက အရက်ရှိန်ကြောင့်နီရဲလျှက်ရှိသည်။ အမြဲတမ်း ဝိုင်နှင့်ကော့တေးအပျော့တွေလောက်သာသောက်သည့်ဒီမွန်က အခုတော့ဝီစကီကိုရေခဲမထည့်ဘဲတစ်ခွက်ပြီးတစ်ခွက်မော့နေတာ ဝါရင့်အရက်သမားကြီးတစ်ယောက်လိုပင်။

“ကိုရိုးရိပ် အစ်ကိုသိလား အေ့ ဇက်ကလေ ကျွန်တော့်ကိုမေ့သွားပြီဗျ အေ့”

လျှာလေးအာလေးနှင့်တစ်လုံးထွက်ပေါ်လာသည့်စကားသံများတွင်ဝမ်းနည်းမှုများဖြည့်ဆွတ်လျှက်ရှိမှန်းရိုးရိပ်ခန့်မှန်းလိုက်မိသည်။

အင်းလေ အမြဲတမ်းကဲကဲလှုပ်အချစ်ခံခဲ့ရပြီး အခုကျပလစ်ခံရတော့ ဒီကောင်လေးကြေကွဲနေတာဆန်းတော့မဆန်းကြယ်လှပေ။

“ပြီးတော့ ဟိုမိန်းကလေး ဇက်တို့အိမ်နားကကောင်မလေးဆိုလား သူလည်းနိုင်ငံခြားကပြန်ရောက်ရော ဇက်ကကျွန်တော့်အပေါ်ပိုစိမ်းကားသွားပြီ..အေ့.. ကျွန်တော်ဘာလုပ်ရမလဲ အစ်ကိုရယ် အေ့”

“ခဏလေးညီလေး အရက်တွေအဲ့လောက်အများကြီးမသောက်သင့်ဘူး Bossသိရင်စိတ်ပူနေလိမ့်မယ် ”

“အဟက် သူလားစိတ်ပူမှာ သူကကျွန်တော်မရှိလေ ပိုကြိုက်လေပဲဖြစ်မှာပါ။ ကျွန်တော်သူ့နားမှာရှိနေရင်စိတ်ပိုရှုတ်လို့လေ”

ဒီမွန်ကခပ်မဲ့မဲ့တစ်ချက်ရယ်ရင်းအရက်ကိုထပ်မော့သောက်လိုက်ပြန်သည်။

My Love Is Demon(Complete)Where stories live. Discover now