Part-15(unicode)

15.1K 1.2K 9
                                    

ကျောပြင်တစ်ခုလုံးနာကျင်ကိုက်ခဲမှုတွေနဲ့ ဧကသတိရလာပြီးမျက်လုံးဖွင့်ကြည့်‌လိုက်တော့ အရင်ဆုံးတွေ့လိုက်ရတာက အဖြူရောင်မျက်နှာကျက်များပင်။ မနေ့ကဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာသူ့အပေါ်သစ်သားပြားပြုတ်ကျလာတာပဲမှတ်မိလိုက်ပြီး နောက်ဆက်တွဲဘာတစ်ခုမှမမှတ်မိတော့ပေ။ အခုတော့ ကျောအောက်ကအိစက်စက်မွေ့ယာကြောင့်အခန်းတစ်ခုခုထဲကိုရောက်နေတာဖြစ်‌ရမည်။ထို့‌ကြောင့်အနီးအနားကိုခေါင်းလှည့်ကြည့်လိုက်တယ်ဆိုရင်းပဲကုတင်ပေါ်ခေါင်းလေးတင်ပြီးအိပ်ပျော်နေတဲ့ ရိုးရိပ်ကိုတွေ့လိုက်ရသည်။

အဝတ်အစားများကသူနဲ့အတူရှိတုန်းကအဝတ်အစားများပင်ဖြစ်ပြီး လက်မှနာရီကိုအားယူကြည့်လိုက်တော့ နာရီလက်တံက8နာရီကိုညွှန်ပြနေတာကြောင့် ဒီကောင်လေးတစ်ချိန်လုံးသူ့အနားမှာရှိနေခဲ့တာထင်သည်။

တစ်ဆက်တည်းမီးရောင်ဖြူဖြူအောက်မှာအိပ်မောကျနေတဲ့ကောင်လေးရဲ့အရှေ့သို့ရောက်နေတဲ့ဆံပင်များကို လက်ဖြင့်အနောက်‌သို့သပ်တင်ပေးလိုက်တဲ့အခါ ညိုစိမ့်စိမ့်မျက်နှာလေးက
ချစ်စရာကောင်းစွာထွက်ပေါ်လာသည်။သူ့နဲ့တွေ့တိုင်းမျက်မှောင်ကုတ်ကာစူပုတ်ပုတ်မျက်နှာလေးဟာ ယခုအိပ်နေတဲ့အချိန်မှာတော့ အပစ်ကင်းစင်လှသည့်  ပီဘိကလေးလေးသဖွယ်ဖြစ်နေသည်။
မျက်နှာတောင်ရှည်များကမှေးစဉ်းနေပြီး သေချာကြည့်မှ အောက်နှုတ်ခမ်းလေးမှာမှဲ့နက်လေးတစ်လုံးရှိနေတာတွေ့လိုက်ရသည်။

ဟွန့် !ဒါကြောင့်အရမ်းစွာနေတာနေမယ် !

သူကြည့်နေတုန်း မျက်တောင်များကတစ်ဖြည်းဖြည်းလှုပ်ခတ်လာတာကြောင့် သူ့ရှေ့မှအညို‌လုံးလေးနိုးလာပြီဆိုတာဧကသိလိုက်သည်။

“ဟင် ! ခင်ဗျားသတိရလာပြီလား”

“အင်း ငါအခုဘယ်ရောက်နေတာလဲ”

“SSCဆေးရုံကိုရောက်နေတာ”

“အော်”

အော်ဟုပြောကာပြန်လည်အသံတိတ်သွားသူကြောင့် ရိုးရိပ်ကိုအနေရခက်စွာပင်ခန္ဓာကိုယ်တည့်မတ်လိုက်သည်။

My Love Is Demon(Complete)Where stories live. Discover now