Part-5(Zawgyi)

1.6K 178 1
                                    

ဘာလိုလိုနဲ့ ဒီမွန် Gray Skyမှာအလုပ်ဝင်ခဲ့တာ လဝက်တောင်ရှိနှင့်နေခဲ့၏။ ရက်တွေကြာလာလေ အတွေ့အကြုံသစ်တွေရလေဖြစ်ပြီး အခုအလုပ်မှလုပ်ရတာအတော်ပင်ပျော်ရွှင်လာခဲ့သည်။ ဒီနေ့လည်းထုံစံအတိုင်းအလုပ်ကအပြန် အိမ်ကိုရောက်တော့ 6ခွဲကျော်နေခဲ့ပြီဖြစ်သည်။

“အဟင့် ဟင့် ”

“မေမေတောင်းပန်ပါတယ် သမီးရယ် ဘယ်လိုလုပ်ရမလဲတောင်မသိတော့ဘူး အစကအချိန်တိုအတွင်းပြန်ရွေးနိုင်မယ်ထင်ခဲ့လို့ ပေါင်ခဲ့မိတာ အခုလိုအခြေအနေဖြစ်သွားလိမ့်မယ်မထင်ခဲ့မိဘူး”

“ဘယ်လိုပဲပြောပြော အိန်ဂျယ်ကတော့ အဲ့မုဆိုးဖိုကြီးကိုမယူနိုင်ဘူးမေမေ အဟင့်”

ဧည့်ခန်းဆီမှ မမရဲ့ရှိုက်သံစွတ်နေတဲ့စကားများနဲ့ မေမေ့စကားအချို့ကိုကြားလိုက်ရ၍ ဒီမွန်စိုးရိမ်စိတ်များအလုံးအရင်းဝင်ရောက်လို့သွားသည်။

“မေမေ မမ ဘာဖြစ်နေကြတာလဲ မမကရောဘာလို့ငိုနေတာလဲ”

“ပြန်လာပြီလား”

နီနေတဲ့မျက်ခမ်းသားတွေနဲ့ ဒေါ်ကလျာက မော့ကြည့်ပြီးဆိုလာသောအခါ ဒီမွန် ဒေါ်ကလျာနားမှာဒူးထောက်ထိုင်ချလိုက်သည်။

“ဘာဖြစ်လို့လဲမေမေ စောနကမမပြောနေတာတွေကရော ပြီးတော့ဘာပေါင်ထားတာလဲဟင်”

“အိမ်ဂရံ”

“ဗျာ!”

မိခင်ဖြစ်သူရဲ့တိုတိုရှင်းရှင်းစကားကြောင့် ဒီမွန်ဒူးထောက်နေရာမှ ဖင်ထိုင်ရက်ပင်ထိုင်ချသွားမိတော့သည်။

“ဘယ်သူ့ဆီမှာဘယ်လောက်နဲ့လဲမေမေ”

“ဝေလုဆီမှာ အတိုးရောအရင်းရော သိန်း40လောက်ရှိတယ်”

“ဒီလောက်အများကြီး.....!

ဒီလောက်အများကြီးဘာလုပ်ခဲ့တာလဲလို့မေးချင်ပေမယ့် ဆက်မမေးရက်ခဲ့ပေ။ ဖေဖေကအခုနောက်ပိုင်းကျန်းမာရေးမကောင်းတော့တာကြောင့် ဖေဖေ့ဆေးဖိုးအပြင် အရင်ကယူခဲ့တဲ့ကြွေး‌မြီးတိုလေးတွေကိုလည်း လစဉ်အတိုးကပေးနေရသည်။ထို့အပြင်မမရဲ့ သင်တန်းစရိတ်တွေ အသုံးစရိတ်တွေအတွက် ဒီမွန့်ရဲ့မတောက်တခေါက်လစာတွေနဲ့ဘာမှအရာမရောက်သောကြောင့် မိခင်ဖြစ်သူက အမျိုးမျိုးလှည့်ဖယ်ကာလုပ်ဆောင်နေတယ်ဆိုတာ သိနေခဲ့ကြောင့်‌ဖြစ်သည်။

My Love Is Demon(Complete)Where stories live. Discover now