Part-20(unicode)

14.5K 1.2K 50
                                    

သဂြိုလ်စက်ကနေတစ်ငွေ့ငွေ့ထွက်လာတဲ့ မီးခိုးငွေ့များကို ဒီမွန်ငေးကြည့်ရင်း ရင်ဘတ်တစ်ခုလုံးဟာလာဟင်းလင်းဖြစ်ခဲ့လေ၏။
ဖေဖေနဲ့ကျွန်တော့်ရဲ့ရေစက်ကဒီလောက်ထိပဲပါခဲ့တယ်ဆိုပေ‌မယ့် ဖေဖေ့အပေါ်မှာကျွန်တော်သားသမီးဝတ္တရားကျေပွန်ခဲ့တာမို့နောင်တမရပါဘူး။ဖေဖေတစ်ယောက်ငြိမ်းချမ်းရာအရပ်မှာကောင်းမွန်စွာအနားယူနိုင်ပါ‌စေ!

ဇက်စက်ခေါင်းတိုင်ကိုသတိလက်လွှတ်ငေးကြည့်နေတဲ့ဒီမွန့်ရဲ့နားနားသို့ကပ်ကာ

"ငိုချင်ရင်ငိုချလိုက်ပါလားနိုင်း စိတ်ကိုတင်းမထားနဲ့လေ"

ဇက်စကားကြောင့်ဒီမွန်ကတည်ငြိမ်စွာပြုံးပြလာသည်။

"ကျွန်တော့်မျက်ရည်တွေခမ်းသွားပြီထင်တယ်ဇက်"

ဇက်တို့ကြည့်နေတုန်း ရေဝေးအတွင်းဘက်ကနေ ဒီမွန့်အမေနဲ့အစ်မကိုလူတစ်စုကတွဲလျှက်ထွက်လာတွေ့လိုက်တော့ ဒီမွန်ကဇက်နောက်ကျောမှာဝင်ကွယ်လိုက်သည့်အခါ ဇက်ကလည်းအလိုက်သိစွာ ကာပေးခဲ့သည်။ မမြင်စေချင်လို့တောင်အဖေ့ရုပ်အလောင်းနားကိုမသွားခဲ့ဘဲ အဝေးကနေပဲလှမ်းကြည့်နေခဲ့တာ သူ့ကြောင့်မေမေနဲ့မမ ပိုစိတ်ဆင်းရဲနေမှာကိုမကြည့်ရက်ဘူး!

"နိုင်း သူတို့သွားပြီ ကိုယ်တို့လည်းသွားကြရအောင်"

ဒီမွန်ခေါင်းညိတ်ပြလိုက်တော့ ဇက်ကဒီမွန့်လက်ဖဝါးလေးကိုဆုတ်ကိုင်ကာ ကားနားဆီပြန်လျှောက်ခဲ့သည်။

"အခုကိုယ်‌တို့ကိစ္စတစ်ခုကိုသွားရှင်းကြရအောင်"

"ကျွန်တော်ကြောက်တယ်ဇက်"

"မကြောက်ပါနဲ့အဆင်ပြေသွားမှာပါကိုယ့်ကိုယုံ‌နော်"

မကြာခင်အချိန်‌လေးမှာတော့ဇက်တို့ရဲ့ကားလေးက
ဒီမွန်နေထိုင်ခဲ့တဲ့ ခြံလေးရှေ့မှာထိုးရပ်သွားသည်။
ဇက်ကကားပေါ်ကချက်ချင်းဆင်းလိုက်သော်လည်း ဒီမွန်ကတော့ကားပေါ်ကဆင်းရမှာဝန်လေးနေမိသည်။

ကြောက်တယ် မေမေနဲ့မမကိုရော ပတ်ဝန်းကျင်ကလူတွေရော သူတို့ရဲ့အကြည့်တွေကိုပါကြောက်တယ် ။ဖြစ်နိုင်ရင်အဲ့အကြည့်တွေနဲ့ထပ်ကြည့်မှာမခံချင်ဘူး!

My Love Is Demon(Complete)Where stories live. Discover now