Part-18(unicode)

13K 1.1K 6
                                    

ဒီမွန်လက်ထဲမှာဖုန်းတစ်လုံးကိုသာကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လျှက် Barအပြင်သို့ပြေးထွက်
လာတယ်ဆိုရင်ပဲ တက္ကစီတစ်စီးတားလျှက် အိမ်လိပ်စာပြောကာအမြန်မောင်နှင်ခိုင်းတော့‌သည်။

နားထဲမှာလည်းစောနဖုန်းထဲက 'မင်းအဖေဆုံးပြီ' ဆိုတဲ့စကားသံကိုသာထပ်ခါတစ်လဲလဲကြားယောင်နေမိသည်။

မဖြစ်နိုင်တာ သူမနက်အလုပ်မလာခင်ကထိဖေဖေကအကောင်းကြီး ဧည့်ခန်းထဲမှာထိုင်နေတာပါ။အလုပ်လာတော့တောင် 'အလုပ်သွားပြီလား'ဟုနှုတ်ဆက်ခဲ့သေးသည်မဟုတ်ပါလား။

အိမ်ရှေ့ခြံဝ၌ တက္ကစီထိုးရပ်တယ်ဆိုရင်ပဲဒီမွန်အိမ်ထဲကိုသုတ်ချည်တင်ပြေးဝင်သွားသောကြောင့် တက္ကစီသမားလည်း ကားခတောင်းရန် ဒီမွန့်နောက်ပြေးလိုက်ရတော့သည်။

အိမ်ရှေ့၌ လူများဟိုတစ်စုဒီတစ်စုနဲ့ တီးတိုးပြောကြပြီး ဒီမွန်ဝင်လာသောအခါ ဒီမွန့်အားမျက်စပစ်ပြလျှက်ရွံရှာမုန်းတီးသောမျက်လုံးများနှင့်ဝိုင်းကြည့်ကြသည်။ ဒီမွန်လည်းမထူးဆန်း‌တော့တဲ့ထိုလူများရဲ့အကြည့်များကိုကျောခိုင်းလျှက် အိမ်ထဲသို့ဝင်လာတယ်ဆိုရင်ပဲ မေမေ့ရဲ့အော်ငိုသံနဲ့မမရဲ့ငိုရှိုက်သံသဲ့သဲ့ကိုကြားလိုက်ရသည်။

"အမယ်လေး ကိုကျော်မင်းနိုင်ရယ် ရှင်တကယ်ပဲထွက်သွားခဲ့ပြီလား။ ရှင်ပြောတော့ အရက်ဖြတ်ပြီးရင် မင်းတို့နဲ့ အရင်ကလိုမျိုးပြန်နေတော့မယ်ဆို အခုတော့ လူ့လောကထဲကထွက်ခွါသွားခဲ့ပြီပေါ့ အဟင့်ဟင့်"

"အင့်ဟင့် ဖေဖေရယ်"

ဒီမွန်ဧည့်ခန်းထဲသို့ခြေချလိုက်တယ်ဆိုရင်ပဲ ဧည့်ခန်းဘေးဘက်ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ဖေဖေရယ် ဖေဖေ့နားမှာ ရှိုက်ကြီးတငင်ငိုယိုနေတဲ့မေမေနဲ့မမကိုမြင်တွေ့ရတော့ ရင်ထဲမှာစို့နစ်စွာပါးပြင်ထွက်မျက်ရည်စီးချောင်းများအလိုလိုစီးကျလာတော့သည်။ဒါပေမယ့် ရှိုက်သံတို့ကအပြင်သို့ထွက်မလာဘဲ လည်ချောင်းဝတင်ပျောက်ရှနေခဲ့သည်။ ဧည့်ခန်းရှေ့မှာ ငူငူကြီးရပ်ကြည့်နေတဲ့သူကိုမေမေကဦးစွာမြင်သွားပြီး စိမ်းတောက်တဲ့အကြည်စူးများနှင့်ကြည့်လာကာ မျက်နှာကလည်း ငိုနေရာမှာတည်တင်းသွားတော့သည်။

My Love Is Demon(Complete)Where stories live. Discover now