Part-1(Unicode)

30.4K 2K 177
                                    

ဦးတည်ချက်မရှိ လေနှင်ရာမှာ ဟို့တစ်စဒီတစ်စနဲ့မျှောလွင့်နေတဲ့ ကောင်းကင်ရှိ တိမ်စိုင်တိမ်လိပ်များကို ‌ဒီမွန်ငေးကြည့်နေရင်း သူ့ဘဝလည်းဒီတိမ်စိုင်တွေလို လေနှင်ရာအရပ်ဆီသို့နောက်ပြန်မကြည့်ဘဲ လွှင့်မျှောလိုက်ချင်စမ်းပါဘိ။

လူတိုင်းဟာဖြစ်တည်လာတဲ့ဘဝမှာအဆင်‌ပြေအောင်ကြိုးစားရှင်သန်နိုင်ရမည် မဟုတ်ပါလား။ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချတဲ့ ဝေဖန်ပြောဆိုသံများ၊ မိသားစုရဲ့ မုန်းတီးအပစ်တင်သံများကြားမာန်တင်းပြီးရှင်သန်နေထိုင်ခဲ့သည်မှာ 22နှစ်တောင်ပြည့်ခဲ့ပြီဖြစ်သည်။

ဒီဘဝကိုဒီမွန်ရွေးချယ်ခဲ့တာမဟုတ်ဘူး။ဒီဘဝကသာ ဒီမွန့်ကိုရွေးချယ်ခဲ့တာမို့ ဖြစ်လာသမျှအကြောင်းလက်ခံလိုက်ရုံသာရှိတော့သည်။

"မသောက်ပါနဲ့ပြောထားလည်း ဒီစောက်ရည်တွေကိုသောက်လာပြန်ပြီလား ရှင်လည်းမြန်မြန်သေမှအေးမှာပါ ဒါမှကျွန်မလည်း ဒီကြမ္မာဆိုးတွေကနေအမြန်ဆုံးလွှတ်မြောက်နိုင်မှာ"

အိမ်ရှေ့ဘက်ဆီမှ အမေ့ရဲ့ စူးရှကျယ်လောင်သံတဲ့အသံတစ်ချို့ကသူ့ရဲ့နားစည်ကိုရိုက်ခက်လို့လာသည်။ သူ့အတွက်တော့ ဘယ်တော့မှမရိုးနိုင်တဲ့တေးသွားတွေလိုပါပဲ။ နေ့စဉ်ရက်ဆက် အမေရဲ့ဆူဆဲတွေနဲ့သာအဖော်ပြုနေခဲ့ရ၏။

မကြားချင်ဘူး ဒီအသံတွေနဲ့ဝေးရာဆီကိုထွက်ပြေးသွားလိုက်ချင်လည်း လွှတ်မချပစ်ရက်တဲ့သံယောဇဉ်အမျှင်တန်းလေးကိုဆုတ်ကိုင်ရင်း ဒီအရိပ်အမြုံကနေတစ်ခြားဘယ်နေရာကိုမှ ထွက်မသွားရက်ခဲ့ဘူးဖြစ်နေသည်။

ဒီမွန်အခုထိုင်နေတဲ့နေရာကတော့ အိမ်ရဲ့အနောက်ဖက် နှင်းဆီပန်းခင်းကြီးကြားထဲပင်ဖြစ်သည်။ အိမ်ရဲ့စီးပွားရေးကိုတစ်ဖက်တစ်လှမ်းကအထောက်အပံ့ဖြစ်အောင် အိမ်နောက်ဖက်လွတ်နေတဲ့မြေကွက်လပ်ပေါ်တွင် နှင်းဆီပန်းခင်းတစ်ခုဖန်တီးစိုက်ပျိုးကာအပတ်တိုင်း လမ်းထိပ်ရှိပန်းဒိုင်သို့သွားပို့ပေးပြီး အိမ်အတွက်အပိုဝင်ငွေရရှိအောင် လုပ်ပေးခဲ့သည်မှာ သူ8တန်းကျောင်းသားအရွယ်ထဲကပင်ဖြစ်သည်။

My Love Is Demon(Complete)Where stories live. Discover now