Part-25(unicode)

13.1K 1K 17
                                    

‌တီ ! တီ ! ပွမ်...........!

ကားဟွန်းသံတွေဆူညံသွားတဲ့ ကားလမ်းမထက်မှာတော့ ဇက်ရဲ့ မီးခိုးရောင်နောက်ဆုံးပေါ်ကားလေးဟာ ဘာကိုမှတွန့်ဆုတ်မှုမရှိအပြေးအလွှားမောင်းနှင်နေပါတယ်။
စီယာတိုင်ကို ကိုင်ထားတဲ့ ဇက်ရဲ့လက်တွေဟာအကြောစိမ်းများတင်းထနေပြီး မီးခိုး‌ရောင်မျက်ဝန်းများသည်လည်း သိမ်းငှက်တစ်ကောင်လိုစူးရဲကာ ကားအရှေ့လမ်းကြောင်းကိုသာမျက်တောင်တစ်ချက်မခတ်ဘဲစူးစိုက်ကြည့်နေလေ၏။ ‌အံကြိတ်ထားသောကြောင့် မှေးကြောများက တင်းနေကာနဖူးကြောများကလည်းပေါ်လုနီးပါးအနေအထားမှာပင်ဖြစ်သည်။

ဒီနေ့က ဇက်နဲ့ဒီမွန်တို့ရဲ့ ဟန်ဆောင်ချစ်သူစာချုပ် 6လပြည့်သည့်နေ့ပင်ဖြစ်သည်။ ဇက်က ကုမ္ပဏီမှာ ရှယ်ယာရှင်ဆွေးနွေးပွဲရှိတာကြောင့် မနက်စောစောထ၍ ကုမ္ပဏီကိုထွက်လာပြီး ဒီမွန်ကတော့ ညကဇက်သောင်းကျန်းခဲ့သည့်ဒဏ်တွေကြောင့်ဟိုတယ်မှာပဲအိပ်ကျန်နေခဲ့ရသည်။ ကုမ္ပဏီကိုစောစောထွက်ခဲ့ရပေမယ့် ဒီမွန်နိုးလာလျှင်စားဖို့အစားအစာနဲ့သောက်ဖို့ဆေးတွေပါပြင်ဆင်ပေးခဲ့သည်။

ဒီမွန်နိုးလောက်သည့်အချိန်လောက်မှ ဖုန်းဆက်ပြီးကုမ္ပဏီကိုလာဖို့ ပြောကာ ဒီမွန်ရောက်လာခဲ့လျှင်နေ့လည်စာအတူစားမယ်။ ပြီးရင်ဒီမွန်သွားချင်တဲ့နေရာတွေလိုက်ပို့ပေးမယ်။ တစ်နေကုန်ဒီမွန်နဲ့ပဲအချိန်ဖြုန်းဖို့စဉ်းစားထားပြီး ညကျရင်တော့ ဟိုတယ်မှာပဲ dinnerစားကာ စာချုပ်ကိုမီးရှို့ဖျက်ဆီးကြမည်ဖြစ်သည်။ မနက်မိုးလင်းတည်းကတစ်နေ့တာအစီအစဉ်များကိုတွေးပြီး သဘောတကျရှိနေခဲ့သည့် ဇက်က လွန်ခဲ့တဲ့နာရီပိုင်းလောက်က သူ့ထံပေးပို့လာသည့် message တစ်စောင်အားမမြင်ရခင်အထိပေါ့။

ဒီမွန့်အားသူ့ဆီလာလျှင်ရိုးရိပ်ကိုလာခေါ်ခိုင်းမည်ဟုဖုန်းဆက်ပြောတုန်းက ဒီမွန်ကသူ့အားစိတ်မပူဖို့နှင့် ကုမ္ပဏီအလုပ်တွေကိုအမြန်လက်စသပ်ဖို့ ပြောခဲ့လေသည်။ ကုမ္ပဏီကိုသူ့ဘာသာ taxi နဲ့လာခဲ့မည်ဟုအတင်းဂျစ်တိုက်ပြောနေတာကြောင့် ဒီမွန့်စိတ်တိုင်းကျ လက်လျော့ပေးခဲ့မိသည်။ ဒီလိုတွေသာဖြစ်လာမယ်မှန်းကြိုသိနေခဲ့လျှင် သူမနက်က meetingကိုတောင်လာဖြစ်မှာမဟုတ်ဘဲ ဒီမွန့်အနားမှာပဲအချိန်ပြည့်ရှိနေပေးခဲ့မိမှာပါပင်။

My Love Is Demon(Complete)Where stories live. Discover now