ကျွန်းပေါ်တွင် ( A strange dream )

2.1K 221 59
                                    

မနေ့ညကအချိန်အခါမဟုတ်ရွာသည့်မိုးကြောင့် ပိတောက်များဝင်းဝါကာခြံထဲ၌ရွှေမှုံတွေကြဲပက်ထားသလို စိုထိုင်းထိုင်းမြေသင်းရနံ့နှင့်အတူတစတစနှင့်မနက်ခင်းတစ်ခုကိုစတင်တော့မည် ။

JorDan ညက3နာရီဝန်းကျင်လောက်ရောက်တော့မှ သတိမေ့မျောနေသည့်ခန္ဓာကိုယ်လေးအားအခန်းထဲကချီထွက်လာခဲ့သည် ။ ထို့နောက်ကိုယ်တိုင်ပဲ Aidenနှင့်Sophieထံသွားရောက်လေတော့ Aidenရဲ့တင်းမာသောမျက်နှာကလက်ထဲက ကလေးကိုမြင်လျှင်JorDanထံသို့ ခြေလှမ်းကျယ်များဖြင့်ရောက်ကာ အရှိန်ဖြင့်မျက်နှာသို့ရွယ်မိသည့်လက်သီးအားSophieနှင့်Body Guardများကသေနတ်ချိန်တားစေသည် ။ လက်ဖျားနဲ့တောင်မထိလိုက်ပေမဲ့ JorDanမနေ့ကသူမှားခဲ့တာသူသိသည် ။ ဒါ့ကြောင့်ဘာမှမဆိုဘဲ ကလေးနဲ့နှစ်ယောက်ထဲနေထိုင်ခဲ့သည့်အိမ်လေးထိပွေ့ချီလာပြီး ကုတင်ပေါ်တင်ပေးကာ မနက်အစောတာဝန်ကျNurseအား ဗိုက်လေးသို့လာကြည့်ပေးရန်မှာကြားလိုက်သည် ။

သူကတော့ ကုတင်ပေါ်၌နာကြင်မှုနှင့်အဖျားကြောင့် မျက်ခုံးလေးတွန့်ကွေးကာငြီးနေသည့်ကောင်လေးကြောင့် တမှေးမှမမှေးလိုက်ရပါ ။

မနက်7နာရီNurseရောက်သည့်အခါတွင် ခွဲစိပ်ထားသောဗိုက်လေးကိုစစ်ဆေးပြီး အဖျားကျဆေးထိုးကာDripချိတ်ပါချိတ်ပေးသည့်အချိန်ထိတောက်လျောက်ဂရုနာမျက်ဝန်းများဖြင့်JorDanဘေးကနေရပ်ကြည့်ကာအမှားများအတွက်နှစ်သိပ်စရာစကားရှာမရပါ ။

" လူနာကအားနဲနေတာ အစားလဲမမှန် ၊ အအိပ်လဲမမှန်ဘူးထင်ပါတယ် ခွဲစိတ်မှုအကြီးစားလုပ်ထားတဲ့လူနာကိုဒီအတိုင်းလွှတ်ထားလို့မရပါဘူး... ချုပ်ရိုးကဒါနဲ့ဆိုယောင်တာ2ကြိမ်ရှိပါပြီ ခဏခဏဆိုမကောင်းပါဘူး... "

JorDan - သိပြီ..

စကားအများကြီး၌တစ်လုံးသာပြန်ပြောတာမို့ Nurseနဲနဲတွန့်သွားသည် ။ မှားတာက ကလေးအပေါ်မှားတာပါ သူ့အပေါ်မှားတာမဟုတ်တာမို့ဆရာလုပ်ခံစရာအကြောင်းမရှိ ။ JorDanမျက်နှာထားတင်းလိုက်သည် ။ အခြေနေသိသောNurseမှာမျက်နှာကို​မော်တောင်မကြည့်ရဲဘဲ သိပ်စရာရှိတာအမြန်သိမ်းပြန်ဖို့ပြင်သည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now