Unicode
"ကျန့်...လာလေ ဒီကို"
ဟိုကောင်တေကိုရှာနေတုန်း ခေါ်သံကြားလို့ ကြည့်လိုက်တော့ မေ့ဝမ်က လက်ယက်ခေါ်နေသည်။
မေ့ဝမ်ခေါ်မှ သူတို့စားပွဲဘေးက ကျန်ချန်းတို့ကိုတွေ့သည်။ဟိုရွှေယောက်ဖ အနှောက်က ရောက်လာရင် ဆက်နှောက်နေအုံးမှာနဲ့မို့ မေ့ဝမ်တို့ဝိုင်းပဲ သွားလိုက်ပြီး ဟိုဘက်ဝိုင်းက လွတ်နေတဲ့ ခုံတေရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။
ဝမ်နင်နှောက်လို့ ထမင်းကောင်းကောင်း မစားနိုင်မှာပေမဲ့ ကိုယ်က သူ့ညီလေး မျက်နှာလေးမော်ဖူးနေမှ စားလို့သောက်လို့ကောင်းတာလေ။ဝင်ထိုင်လိုက်တဲ့ နေရာက မေ့ဝမ်ဘေးမှာ။
"ဘယ်မှာလဲ ကျဲတို့က"
"ကောက ဆိုင်ဝက ပြန်လှည့်လာတော့ သူတို့ ဘယ်မှာထိုင်နေလဲ မသိဘူးလေ ရှာရမှာပေါ့"
"လုပ်ပြီကြည့်... လူတေက အများကြီးကို လျှောက်ကြည့်နေတာနဲ့ ခေါင်းက နောက်ချင်လာပြီ...ကောဟာလေ ဘယ်တော့မှ စေ့စေ့စပ်စပ်မရှိဘူး"
ပတွတ်ပတွတ်နဲ့ ပွားမပြီးနိုင်တဲ့ ရိပေါကြောင့် ဝမ်နင် နောက်ကနေ မျက်စိလန်ကြည့်ရင်း စိတ်ပျက်လက်ပျက်နဲ့ လေပူတေမှုတ်ထုတ်လိုက်သည်။
သူ့ကျ သိပ်စေ့စပ်တာလေ အစေ့စပ်လွန်လွန်းလို့ ဘဲပစ်လေး ဖြစ်သွားရှာတာ။
တခွန်းမှ ပြန်ဟမလာတဲ့ ကောကြောင့် လှည့်ကြည့်တော့ ပုံစံက ကိုယ့်ကို စိတ်ပျက်နေသလိုလို။
လက်မောင်းကို ဖျက်ခနဲ ရိုက်လိုက်ရင်း"ကော..."
"ဟာ...အားဝမ်ရယ် တဖက်ဖက်နဲ့ ဇွတ်ရိုက်နေတာပဲ ငါ့လက်မောင်းတေလည်း ပုတ်ကုန်တော့မယ်...ဆားသိပ်လိုက်ရင် လူပိကောင်ဆိုပြီး စျေးကောင်းရတော့မယ်"
သူ့လက်မောင်းကို ခေါင်းကြီးစောင်းကြည့်လိုက် ပွတ်လိုက်နဲ့ ပြောနေတာကြောင့် နောက်တချက် ထပ်ရိုက်လိုက်ရင်း
"ငါးပိကောင် စားချင်စိတ်ပျောက်အောင် မပြောနဲ့ ကောက ဆားသိပ်စရာမလိိုဘူး တကယ်ပုပ်ရင် လူပိကောင် တန်းဖြစ်မှာ အားနေအပျင်းတစ်ပြီး ညစ်ပတ်နေတော့ သူ့သူငန်မှာက သေချာတယ်"
![](https://img.wattpad.com/cover/276756148-288-k800452.jpg)
YOU ARE READING
Baby Yitlone
FanfictionUnicode Zhanyi fic yb: ရှောင်းရှောင်ကျန့်ဆိုတာ ဝမ်ရိပေါဆိုတဲ့ ငါလေးရစ်သမျှကို သည်းခံပြီး အမြဲချစ်နေတဲ့သူ ကြားလား ရှောင်ကျန့်မိန်းမဖြစ်ချင်နေတဲ့ ဟာလေးတေ ဟာကြီးတေ xz: ကယ်ချစ်ရယ် ပြောမနေနဲ့လာပါ yb: ဘာလဲ မပြောစေချင်တာလား မင်းဟာတေကို xz: ဟာ...မဟုတ်ရပါ...