8

318 33 9
                                    

Unicode

"ရိပေါရော"

ကျန်ချန်းအမေး​ကြောင့် ရှောင်ကျန့် လှမ်းကြည့်လိုက်တော့ ဘာမှပြန်မပြောပဲ အေးအေးလူလူပဲ အတန်းထဲဝင်လာကြပြီး သူတို့နေရာသူတို့ ဝင်ထိုင်နေတဲ့ အမွှာနှစ်ကောင်

အနွေးထည်ကိုပင့်ပြီး လက်ကနာရီကိုကြည့်လိုက်တော့ အတန်းချိန်ကစတော့မယ်။

အဟင်း... ကြည့်ရတာ မနေ့က အိမ်ပြန်ရောက်တော့ အရမ်းတေငိုပြီး ဖျားပြီတူတယ်။ကိုယ့်ရှေ့ကျ ဟန်ဆောင်ကောင်းသား ဖျားတောင်ဖျားသွားတယ်ဆိုတော့လည်း စိတ်ထဲမကောင်း

ကိုယ့်အတွေးနဲ့ကိုယ် အေးလိုက်ပူလိုက် ဖြစ်နေတဲ့ ရှောင်ကျန့်မှာ ဝမ်နင်ပြောလာတဲ့စကားကြောင့် မေးကြောကြီးတေကို တမ်းတင်းလာသည်။

"မနေ့ကလိုက်သွားတဲ့ ယန်ဝေ့ဆိုတဲ့လူပဲ လာခေါ်သွားလို့ အစောကြီးပါသွားတယ်လေ ငါကရောက်တောင် ရောက်နေပြီထင်တာ"

"ငါလည်း ရောက်လောက်ပြီထင်နေတာ မနေ့ကလည်း ပြန်လာပြီးကတည်းက တဝေ့ကောတည်းဝေ့ကောနေတာ ဒီလူနဲ့တော့ အားဝမ်က အတော်အဆင်ပြေနေသား"

ဟာ... နေ့လယ်စာလေး တခါလောက်စားပြီး တမ်းကိုဝေ့ကောသွားတယ်ပေါ့ ငါတော့ကွာ ကိုင်ကိုင်ဆောင့်မိတော့မယ်

"ဒါလည်းကောင်းတာပဲ ကျဲရဲ့ ဝေ့ကော ဝေ့ကောနဲ့ အဆင်ပြေနေတော့ ကိုယ်တေဘက်လှည့်မရစ်နိုင်တော့ဘူးပေါ့"

"အေး ဟုတ်သားနော် ဟီဟီ"

တော်တော် အတိုင်ဖောက်ညီနေတဲ့ နှစ်ကောင်ကို ခေါင်းတေကြီး တပြိုင်တည်း တီးပစ်လိုက်ချင်သည်။ဘယ်နယ့် ကိုယ့်ညီလေးကိုယ် ထိန်းကြမယ်မရှိဘူး သူတို့ မရစ်အေးရောတဲ့...

လက်ကနာရီကို ငုံ့ငုံ့ ကြည့်နေတဲ့ ရှောင်ကျန့်မှာ ကြားလိုက်ရတဲ့ အသံလေးကြောင့် အခန်းဝကို လှမ်းကြည့်မိတော့ သွားဖုံးရဲရဲလေးတေပေါ်အောင် ပြုံးပြီး လက်လေးလှုပ်ကာယမ်းကာနဲ့ အကဲပိုနေတဲ့ exအစုတ်ပလုပ်လေး။

"တာ့တာ နေ့လယ်ကြမှာတွေ့မယ်"

လက်လေးတေကို ဝေ့ယမ်းပြီး ပါးအိအိလေးတေပါတုန်သွားအောင် ခေါင်းလေးယမ်းရင်း နှုတ်ဆက်နေတဲ့ ကောင်လေးကြောင့် ယန်ဝေ့မှာ ချက်ချင်းပင် စကားပြန်မပြောနိုင်ပဲ ပြုံးပြီးငေးနေမိတယ်။

Baby YitloneWhere stories live. Discover now