6

267 25 5
                                    

Unicode

"ရှောင်ကျန့် မင်း ရစ်လုံးကော"

"ငါ့ ချစ်က ECလေးလေ တီချယ်နဲ့စကားပြောနေလို့ သူ့ကောနဲ့ ကျန်ခဲ့တယ်..."

"မင်းဟာက အားနေ မင်းကို တိုနေတာ သွားနှင့်လို့ပြောတာကော ဟုတ်ရဲ့လား တော်ကြာနားကြားလွဲနေမှ ဟင်းဟင်း"

ပြောနေရင်း အဆုံးသတ်မှာ ဇက်ပုဝင်သွားတဲ့ ကျန်ချန်းကြောင့် ရှောင်ကျန့် ခေါင်းခါကာ သဘောတကျ ရယ်လိုက်ပြီး စားပွဲထိုးလေးလာချတဲ့ ဖက်ထုတ်ကြော်တစ်ဖက် ကောက်ဝါးလိုက်ကာ

"သေချာပါတယ်ကွာ ချစ်က တီချယ်မထွက်ခင်ကတည်းက ဗိုက်ဆာနေတာ ဒါကို အတန်းပြီးခါနီး တီချယ်က သူ့နားခဏလာဖို့လှမ်းပြောတော့ မသွားခင် ငါ့ကို သွားနှင့်ပြီး သူ့ဖို့ တခုခုမှာထားပေးဖို့ ပြောပြီး လွှတ်လိုက်တာ"

"အော်... မှာကောမှာပြီပြီလား"

"မထိုင်ခင်ကတည်းက ချစ်အကြိုက် အသားလုံးခေါက်ဆွဲလေးရယ် ဖက်ထုတ်ပြုတ်လေးရယ်ကို သေချာလေးသွားမှာထားပြီးသား ဆားချိုသီး ဖျော်ရည်လေးတောင်ပါသေး"

ရှောင်ကျန့်ပြုံးပြုံးလေးနဲ့ပြောနေရင်း စကားလည်းဆုံးရော ကျန်ချန်းက မဲ့ကာရွဲ့ကာနဲ့

"မယူရသေးတဲ့ လင်လေးကိုကြောက်နေလိုက်တာ အလကား လင်ကြောက်"

"ကြောက်တာမဟုတ်ဘူး ချစ်တာ ချစ်တာ"

"စောက်ပိုတေ"

"ဟာ...အေးထားပါအုံး ကြောက်တယ်ပဲ မင်းမှာ အဲ့လို ကြောက်ချင်လွန်းလို ကြောက်စရာရှိလို့လား faကောင်ကများ"

"ဒါနဲ့ ငါ့ကျဲနဲ့ချင်နင်အမွှာရော"

ကိုယ့်စကားကြားတော့ အရှိုက်ထိသွားတဲ့ faကောင်က မသိခြင်ထောင်ထောင်ပြီး ချက်ချင်းကို စကားလမ်းကြောင်းလွှဲသွားတာမို့ မျက်ခုံးပင့်ကြည့်ရင်း

"ငါ့ချစ်နား စပ်စု ကျန်ခဲ့တယ်"

"အော် ဟို ကျိလေးနဲ့မောင်တို့ရော"

"ဟာ...ကျန်ချန်းရယ် မင်းမလည်းနော် ယောက်ျားကြီး ဖြစ်နေလို့ပဲ အတော်အမေးအမြန်းထူတယ်...ငါနဲ့ အတူလာတာပဲဟေ့ မျက်နှာချင်းဆိုင်ဆိုင်မှာ milk tea ဝင်ဝယ်ရင်း လူကျလို့ စောင့်ရင်းကျန်ခဲ့ပါတယ်ခင်ဗျ"

Baby YitloneOnde histórias criam vida. Descubra agora