5

275 30 0
                                    

Unicode

"ရုပ်ရှင်က ကြည့်လို့ကောင်းတယ် နော်... ချစ်"

ဘာမှပြန်မပြောတာမို့ ဘေးက မျက်နှာတော်လေးကို လှည့်ဖူးလိုက်တော့ ရှေ့ကိုပဲစိုက်ကြည့်ပြီး လျှောက်နေကာ ကိုရှိတာတောင် သတိရရဲ့လားမသိဘူး

"ချစ် ရေခဲမုန့် စားမယ်မို့လား"

ဟင်... ပြန်မပြော​ပြန်ဘူး

"ချစ်လို့...ချစ်ရေ"

"ဘာဖြစ်နေတာလဲ အခုလည်း ရေခဲမုန့်ဆိုင်သွားနေတာပဲလေ...ငါမင်းကို သိပ်ကြည်နေတာမဟုတ်ဘူး စကားများမနေနဲ့"

"ဘာလို့လဲ ချစ်ရဲ့"

"အော် ဘာလို့လဲဟုတ်လား...မင်းကရုပ်ရှင်ကြည့်တာအေးဆေးမကြည့်ပဲ တဏာရူးနေတာလေ"

"ဟင်..."

"ဘာဟင်လဲ မင်းရဲ့ ဒီပါးစပ်ကပဲ မင်းသမီးကချောလိုက်တာ...ချစ်ဖို့ကောင်းလိုက်တာ...ဘာညာနဲ့...အခုချိန်များ...အဲ့မင်းသမီး ငါတို့ရှေ့ရောက်လာရင် မင်းကောက်ကောက်ပါအောင် လိုက်သွားမှာမို့လား"

"ဟာ ချစ်ကလည်း... ဒါကကြတော့ idolအမြင်နဲ့ပြောတာလေ ချစ်ရာ"

"သွားဘာမှလာမပြောနဲ့...အဲ့ idolကြီး မင်းရှေ့ရောက်လာရင်... ငါ့ကို ပစ်သွားမှာမို့လား"

ဟာ ရိုးကိုမရိုးရဘူးဟေ့ ခံစမ်း ရှောင်ကျန့် ရုပ်ရှင်ကြည့်တာ အေးဆေးမကြည့်ပဲ ပါးစပ်သရမ်းချင်တဲ့ကောင်

ဒုန်း

ဘေးက မျက်နှာတော်လေးကိုပဲ ကသိုင်းရှုပြီး လျှောက်နေတော့ ကိုယ့်ရှေ့ကလူကို တည့်တည့်ကြီးပစ်တိုက်မိတော့သည်။

"အာ sorry"

"ဟာ...မေ့ဝမ်...ရုပ်ရှင်လာကြည့်တာလား"

"ရုပ်ရှင်ရုံမှတွေ့မှာတော့ ရုပ်ရှင်လာမကြည့်လို့ သူကဘာလာလုပ်ရမှာလဲ"

ဘောက်ဆပ်ဆပ်ချစ်အသံလေးထွက်လာတာမို့ ရှောင်ကျန့်ခေါင်းထဲ အတွေးလှလှလေးပေါ်လာသည်။

အွန်း...baby yitloneလေးရဲ့ ရစ်ဝဲကယက်က လှော်ထွက်ရမယ့် ဂွင်တော့ပေါ်လာပြီ

"ဟုတ်တယ်...ကျန့်...ရုပ်ရှင်လာကြည့်တာ..."

အောင်မာ... ဒီဟာမကဘာလဲဟ...ပေါ်တင် စနိုက်ကျော်ချင်တာလား...ခေါ်တာတောင် ကျန့်တဲ့ ...ဝတ်လာတေကလည်း အောက်ကအတို အပေါ်က အပြဲနဲ့ စိတ်ပျက်စရာ

Baby YitloneМесто, где живут истории. Откройте их для себя