4

291 35 0
                                    

Unicode

"ရော့ ချစ် အသဲလေးစား"

"မစားပါဘူး..."

ဟော်ဗျာ....အကောင်းကြီးကနေ ဘာဖြစ်သွားပြန်ပြီလဲမသိဘူး။
လက်ထဲကတူလေးကို ချပြီး လက်တစ်ဖက်နဲ့မေးထောက်ပြီး ကောက်ချင်ချင်ဖြစ်နေတဲ့ကောင်လေးမျက်နှာကိုစိုက်ကြည့်လိုက်သည်။

နဖူးလေးပေါ် ဝဲကျနေတဲ့ ရွှေအိုရောင် ဆံနွယ်လေးတေကို သက်တင်ပေးပြီး ဆူတူတူဖြစ်ချင်နေတဲ့နှုတ်ခမ်းလေးအကြောင်းမေးလိုက်သည်။

"ကယ်... ဘာဖြစ်လို့လဲ ချစ်လေး"

"အစောက ph ringtone က Senorita က ဘယ်သူလဲ"

ဟာ ဒါက နောက်တစ်ကွက်ဟ

"ချစ်ရယ် အဲ့တာက ဒီအတိုင်း ကောင်းတဲ့ သီချင်းလေးကို ringtone ထားလိုက်တာပါကွာ"

"မင်းဘေးက ကောင်မတေကို အချက်ပြနေတာမို့လား"

"မဟုတ်ရပါဘူးကွာ... အဲ့သီချင်းကို ချစ်လည်း သိတာပဲ"

"ဒါဆို ringtone သံကို ပြောင်းလိုက် အဲ့သီချင်းသံ မကြားချင်ဘူး"

"ဟုတ်ပြီ ကိုကိုအခုပဲ ခေတ်စားနေတဲ့ ကြက်တွန်သံနဲ့ သီချင်း ပြောင်းလိုက်မယ်"

"အော် မင်းက ကြက်တေကို သိပ်ချစ်နေတယ်ပေါ့ ဟုတ်လား ဟမ်"

"ဟာ...မဟုတ်ရပါဘူးကွာ...အဲ့တာဆို ကိုယ်ကဘာထားရမှာလဲ"

"မသိဘူးလေ ကြိုက်တာထား"

လွှတ်ရစ်နေတဲ့ ရှေ့ကရစ်လုံးလေးကိုကြည့်ပြီး ရှောင်ကျန့် အတော်အကျပ်ရိုက်နေပြီ။

"ဟာ... ဟုတ်ပြီ"

စိတ်တိုနေတဲ့မျက်နှာလုပ်ပြီး အကျပ်ရိုက်နေတဲ့ ကိုကို့ကို မသိမသာထိုင်ကြည့်နေလိုက်သည်။ အစကစိတ်မဆိုးပဲ ရစ်စရာမရှိရင် ပျင်းလို့ရစ်နေပေမဲ့ ကိုယ်ရစ်နေတာကို ဖြေရှင်းဖို့မပြင်ပဲ ကမန်းကတန်း ဖုန်းထုတ်ပြီး တတောက်တောက်နှိပ်နေတာကြောင့် တကယ်စိတ်တိုလာပြီ

🎶An empty street🎶An empty house🎶A hole inside my heart🎶

"အတူတူထိုင်နေတာကို ဘာလို့ဖုန်းလာခေါ်တာလဲ"

"အော်  Westlifeရဲ့ my love"

မေးတာမဖြေပဲ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ကိုကို့ကြောင့် ရိပေါကြောင်တောင်တောင်ဖြစ်သွားသည်။

Baby YitloneWhere stories live. Discover now