2

366 41 4
                                    

Unicode

"ချစ် ဘာသောက်မလဲ"

"ထောပတ်သီးဖျော်ရည်အေးအေးလေး အရမ်းကြီးအီနေအောင်မချိုချင်ဘူး.... ပြီးတော့ အသီးအစစ်ကိုဖျော်ထားတာပဲသောက်ချင်တာ"

"ဟုတ်ပါပြီဗျ ကိုကိုယ်တိုင် သွားမှာပေးပါ့မယ်"

ပြောပြီးတန်းသွားမှားပေးတဲ့ ရှောင်ကျန့် ကျောပြင်လေးကိုကြည့်ပြီး ရိပေါမှာ ပီတိပြုံးလေးနဲ့

"အဲ့တာမို့ ငါ့ကောင်လေးကို ချစ်နေရတာ"

"ဟိတ်ရောင် ရိပေါ မင်းဘဲ statusအောက်မှာ likeတေ commentတေ နည်းတာမဟုတ်ဘူးကွ ဟာ ဒီမှာကြည့်ကြအုံးဟ အကိုကနှာဗူးဆို ညကျညီမလာခဲ့မယ်လေတဲ့"

"ဟာဒီမှာလည်း အကိုအဆင်ပြေရင် message ပို့လိုက် အင်္ကျီချွတ်ပြီး စောင့်နေမယ်တဲ့...ဟာ ဒါကြီးကတော့ အမိုက်စားကွ အကို ညီမတို့အတန်းက အိမ်သာနဲ့နီးတယ် အခုပဲ အဲ့မှာ ဂျိမ်းကြမလားတဲ့"

"ဟာ ဒါကြီးကမှ ဟာသကွ အကို စာကြည့်တိုက်က စကားမပြောရဆိုတော့ တိတ်ဆိတ်တယ်တဲ့ ညီမ တက်နိုင်သလောက်အသံမထွက်စေရပါဘူးတဲ့ ဟားဟား....စာကြည့်တိုက်တဲ့"

"ဟာ ဒီစော်ကမှ အမ်းကုန်းဟ မြို့လယ်က seven stars hotelမှာ ညီမ ဘိုကင်ယူထားလိုက်မယ်တဲ့ ဟားဟား hotelခတောင်သူရှင်းမှာတဲ့ ဟား ဟား"

ရှေ့မှာထိုင်ပြီး ဖုန်းတစ်ယောက်တစ်လုံးနဲ့တွတ်ထိုးနေတဲ့ ဝမ်နင်နဲ့ကျန်ချန်းကြောင့် အစောကပြုံးနေတဲ့ရိပေါလေးက လူစားထိုးလိုက်သလို မျက်နှာလေးကရဲတွတ်နေပြီ ဒါတောင် ရှေ့မကြည့်နောက်မကြည့် ဟောက်ရွမ်းက ဟိုနှစ်ကောင် ဂယက်ထဲ ဝင်ပါပြန်တယ်။

"ရှောင်ကျန့်တို့ကတော့ မိုက်တယ်ကွာ.... အေးပေါ့ မိုက်မှာပေါ့ the whole king ကြီးလေ ရိပေါကတော့ ကံကောင်းတယ်ကွာ"

ချစ်အတွက်အအေးမှာရင်း ဖုန်းက အသံမြည်လာတော့ အိတ်ကပ်ထဲကထုတ်ကာ ကြည့်လိုက်သည်။

"အော် statusအောက်မှာ မေ့ဝမ် လာမန့်သွားတာကို... ဘာတဲ့... ဟိဟိတဲ့ ပြန်မန့်လိုက်အုံးမှ😊"

Baby YitloneWhere stories live. Discover now