11

259 34 6
                                    

Unicode

"အင့်ဟာ အင့်ဟာ"

ဒုန်း...

ညစားစားကြဖို့ ရှောင်ကျန့်တို့အိမ်မုန့်ပို့သွားတဲ့ အားဝမ်းကိုစောင့်ရင်း လေကန်နေကြတုန်း တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ အားဝမ်အသံ ဘောက်ဆပ်ဆပ်ကထွက်လာတာမို့ ဝမ်နင်တို့ အပြေးအလွှားထွက်ကြည့်ကြရသည်။

ဖိနပ်တေကို ခါချွတ်နေရင်း မကျွတ်တာမို့ ထိုင်ချပြီး ဇွတ်ဆွဲချွတ်ကာ လက်ထဲပါလာတဲ့ ဖိနပ်ကို တွေ့ကရာ ပစ်ပေါက်နေတဲ့ ရိပေါက မျက်နှာလေးမှာ မျက်ရည်တေနဲ့ ရဲဖူးလို့။

အိမ်ဝမှာထိုင်ပြီး စောင့်ကြီးအောင့်ကြီးနဲ့ ငိုရိုနေတဲ့ အားဝမ်က ကိုယ်တေကိုလည်း တွေ့ရော ကုန်းရုန်းထလာပြီး ပါးရင်ခွင်ထဲပြေးဝင်ကာ တအင်းအင်းတအဲအဲနဲ့ အသံထွက်ပြီး ငိုပါလေရော။

ပါးက အားဝမ်ကို ပြန်ဖက်ထားပြီး အကျိုးအကြောင်းမေးနေပေမဲ့ မားကတော့ မျက်စိပျက်မျက်နှာပျက်နေ​ပြီ။ကိုယ်နဲ့ကျဲမှာလည်း အားဝမ်ပဲ ပြေးဖက်ရမလို ရှောင်အိမ်သွားပြီး ရန်ပဲတွေ့ရမလို။

ဝမ်ရှုမှာ ငယ်လေးကို ကျောလေးသပ်ပေးနေရင်း အကျိုးအကြောင်းမေးနေပေမဲ့ ရင်ခွင်ထဲက ဟာလေးက ငိုကြီးငိုနေသည်။

"ငယ်လေး ပါးကိုပြော ရှောင်ကျန့်​က သားကို ဘာလုပ်လိုက်လို့လဲ ငယ်လေးမပြောရင် ပါးသွားမေးမယ်ကွာ"

ဒေါသသံစွက်ပြီး ရှောင်အိမ်ဘက်သွားတော့မလိုလုပ်နေတဲ့ ဝမ်ပါးကြောင့် ဝမ်မားမှာ ဝမ်ပါး လက်မောင်းကို ဆွဲထားရ၏။

တချိန်လုံး ငိုပဲငိုနေတဲ့ ရိပေါကလည်း ဝမ်ပါး အသံတေမာလာပြီး ဒေါကြီးမောကြီး ဖြစ်လာတော့မှ ရင်ခွင်ထဲက ခေါင်းလေးထောင်လာပြီး

"ဟင့်... ပါး ဘာမှ သွားမေးစရာမလိုဘူး... ရှောင်ကျန့်ကလည်း ဘာမှ မလုပ်ဘူး"

ပြောရင်းရပ်သွားတဲ့ ရိပေါက မျက်ရည်တေထပ်ကျလာပြီး ငိုသံပါကြီးနဲ့

"ဒါမဲ့ မေ့ဝမ်က သူ့အိမ်ရောက်နေတယ်...သူတို့က ယူတော့မှာလားမသိဘူး"

"ဟေ..."

ဟေ တစ်လုံးပဲပြောနေတဲ့ ဝမ်ပါးမှာ ရိပေါစကားကို သိပ်နားမလည် ဘယ်က မေ့ဝမ်ဆိုတာက ပါလာရပြန်တာလဲ။

Baby YitloneWhere stories live. Discover now