12

385 36 9
                                    

Unicode

ကောတို့က ကားပေါ်နေရာယူပြီးကြပေမဲ့ ရိပေါမှာတော့ ရောက်ကတည်းက ကားအောက်ဆင်းပြီး လူစာရင်းစာရွက်လေးကိုင်ကာ တီချယ်ဘေးရပ်ရင်း လူစစ်နေရတုန်း။

ခရီးကကြမ်းပြီး လှမ်းလည်းလှမ်းတော့ အားလုံး သက်တောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ်ဖြစ်အောင် တစ်ခန်းကို ကားတစ်စီးစီစဥ်ပေးထားသည်။

အားလုံးက ကိုယ့်အခန်းသားတေကြီး ကားတစ်စီး စီးရမှာမို့ မြူးထူးနေကြပေမဲ့ အခုထိကားပေါ်မတတ်နိုင်သေးပဲ သူ့ဟာမ ကားဘေးမှာ ရပ်နေတဲ့ ရှောင်ကျန့်ကတော့ ရိပေါမျက်စိထဲ လုံးဝ crossဖြစ်နေပြီ။

မုန့်ထုတ်ပေါင်းများစွာ လက်ထဲထိုးထည့်ပေးနေတာက သူဟာမက မစားနိုင်မသောက်နိုင် ငတ်နေတာဆိုတော့။သူဖို့ကျ တစ်ခုတောင်လက်ထဲမရှိ။စေတနာဝေဖြာပြီး ပြုံးပြုံးကြီးနဲ့ သိပ်စားစေချင်နေတာ။ကားပေါ်ရောက်လို့ ငါ့ဆီလာတောင်းလို့ကတော့ ပါးကြီး လှိမ့်ချမှာ။ဟိုဟာမလေးကလည်း တော်တော်ဖြစ်နေတာ သူတို့ကားလူစုံလို့ လာခေါ်မှပဲ တက်သွားတော့တယ်။

အယ် နေပါအုံး... ငါလည်းမုန့်မဝယ်ရသေးဘူး။

"တီချယ် သားဝယ်စရာလေးရှိသေးလို့ ခဏစောင့်အုံးနော်"

"အေး...သွားလေ... သားလေး တီချယ်တော့ တက်နှင့်လိုက်တော့မယ်နော်"

"ဟုတ်ကဲ့"

စတိုးဆိုင်ဆီ အမြန်ပြေးပြီး တွေ့သမျှမြင်သမျှ တွေးဆမနေတော့ပဲ အကုန်ပတ်ယူပြီး ကားပေါ်ရောက်တော့ ခုံအလွတ်က နှစ်ခုံတွဲတစ်ခုံပဲကျန်တော့သည်။

အေးဆေး တယောက်ထဲနှစ်ခုံထိုင်ရတော့မယ်ဆိုပြီး ပြုံးဖြီးပြီး လက်ထဲက အချိုရည်တဗူးနဲ့ အခြားတိုလီမုတ်စလေးငါးထုတ်နှိုက်ပြီး တီချယ်ကို သွားပေးနေတုန်း ဝရုန်းသုံးကားနဲ့ ကားပေါ်ရောက်လာတဲ့ကောင်က ရိပေါမှန်းထားတဲ့ နှစ်ခုံတွဲခုံဆီ ဦးတည်နေသည်။

တီချယ်​ပြောလာတဲ့ ကျေးဇူးသားတို့ဘာတို့ကို ပြုံးပြုံးလေးနဲ့ သေချာနားထောင်မနေတော့ပဲ ပြေးပြီးနေရာဦးလည်းမမှီတော့။ကျက်သတုံးက ရိပေါကြိုက်တဲ့ တံခါးပေါက်ဘေးကခုံမှာ ထိုင်နေပြီ။

Baby YitloneWhere stories live. Discover now