ғɪғᴛᴇᴇɴ (ᴇɴᴅ)

3.8K 185 52
                                    

Unicode

အကောင်းအဆိုး လောကဓံကို ကြံ့ကြံ့ခံနိုင်ခဲ့သည်ပဲ ပြောရလေမလား။
နာကျင်စရာကိစ္စတွေနဲ့ပဲ အသားကျနေထိုင်ခဲ့သည်ပဲလား။
အရာအားလုံးကိုလွှတ်ချလိုက်တော့ စကြဝဠာထဲလွင့်မြောသွားသလိုပင်။
နာကျင်မှု၊ ဝမ်းနည်းမှုတို့ကိုမခံစားရတော့။
ငါလွတ်မြောက်ခဲ့လေပြီ။

**

"Jimin ကျေးဇူးပြုပြီး..ကျွန်တော့်ကိုပြောပြပါဗျာ
ကျွန်တော်..ကျွန်တော်သူ့ကိုတွေ့ချင်တယ်၊ သူ့ကိုတောင်းပန်ပြီး ကျွန်တော်သူ့လက်ကိုတွဲဖို့အဆင်သင့်ဖြစ်နေခဲ့ပြီ"

"မင်းအဆင်သင့်ဖြစ်နေလဲ နောက်ကျသွားပြီ၊ ငါကပြောပြမှာမဟုတ်ဘူး၊ သူ့ဘဝနဲ့သူရှိပါစေတော့၊ မင်းကြောင့်ပဲနာကျင်ပြီး မင်းကြောင့်ပဲ ငိုနေရတဲ့သူကို မင်းလွတ်လပ်ခွင့်ပေးလိုက်ပါတော့၊ သူကိုယ်တိုင်ဆုံးဖြတ်ထားတဲ့ဆန္ဒမို့ မင်းအလေးထားသင့်တယ်"

"ကျွန်တော်..မှားခဲ့တာတွေသိပါတယ်
အဲ့အရာတွေရဲ့ နောက်ကွယ်ကအကြောင်းတွေကို ဘယ်သူကမှမသိခဲ့ပဲလေ
အခု..ကျွန်တော် သတ္တိမွေးပြီး သူနဲ့ပဲနေတော့မယ်လို့ဆုံးဖြတ်ခဲ့ပြီးပြီ
ကျေးဇူးပြုပြီး သူရှိ‌တဲ့နေရာလေးကိုပြောပြပေးပါ"

"မင်းတို့ကြောင့် ငါပါရူးချင်တယ်
မင်းရဲ့စောက်ရေးမပါတဲ့အစွဲတွေကနေ ချစ်နေရဲ့သားနဲ့ ငြင်းပယ်တယ်၊ အတ္တကြီးပြီးအနားထားတယ်၊ တစ်ယောက်ကလဲ လူပြောခံရမယ့် အခြေအနေမျိုးကိုတောင် အနားဆက်ရှိနေ‌ချင်တယ်၊ မင်းတို့ကို ငါနားမလည်နိုင်တော့ဘူး
အခုတစ်ယောက်ကထွက်သွားပြန်တော့ တစ်ယောက်ကလိုက်ဖမ်းချင်တယ် ဟူးး..ငါတကယ်စိတ်ကုန်နေပြီ"

"ဒီတစ်ခါတော့ သူ့လက်ကိုတကယ်မလွှတ်တော့ဘူးမို့ ကျွန်တော့်ကိုသူရှိတဲ့နေရာလေးပြောပြပါဗျာ"

"Taehyungနဲ့အဆက်အသွယ်မရတာ တစ်လရှိပြီ၊ Europeကိုသွားမယ်လို့ပြောပြီး ထွက်သွားတာပဲ၊ ဘယ်ဒေသမှာရှိနေမလဲကတော့ ငါလဲမသိဘူး၊ ဖုန်းဆက်တော့လဲမကိုင်တာမို့ သူစိတ်ချမ်းသာသလိုနေပါစေဆိုပြီး ငါလဲလွှတ်ထားလိုက်တယ်၊ ဒီတော့ မင်းလိုက်သွားချင်ရင်တော့ သူ့ကိုရှာရမှာပဲ၊ သူ့နေရာအတိအကျကို ငါလဲမသိတာမို့"

sᴇᴄᴏɴᴅ ʟᴇᴀᴅ (Season 1) CompletedTahanan ng mga kuwento. Tumuklas ngayon