Unicode
"ဘယ်သူလဲ!"
မျက်လုံးဝိုင်းများဖြင့် အလန့်တကြားမေးလာသူ၊ Jungkookရဲ့ကောင်လေးကြောင့် Taehyungပါထိတ်လန့်သွားရသည်။
မရိုးမသားဘာမှမလုပ်ထားပေမယ့်၊ အခုအခြေအနေက.. အင်းး သူလန့်လဲလန့်ချင်စရာဖြစ်နေပေသည်။
နောက်ပြီး ကိုယ့်စိတ်ကိုလဲမလုံ၊ ကျွန်တော်က Jungkookကိုချစ်နေတယ်မဟုတ်ပါလား။ခါးပေါ်က Jungkookရဲ့လက်!
လက်ကိုဖယ်ချလိုက်ပြီး ဆင်းကာရှင်းပြဖို့လုပ်ကာမှ ပြန်လည်ဖက်တွယ်လာပြန်သောလက်တွေ။
သေလိုက်ပါလား Jungkookရာ။
မင်းဟာလေးရောက်နေတယ်ဟ။ရင်ထဲမှာနေရခက်စွာတင်းကြပ်နေပေမယ့် ဟန်ဆောင်ပြုံးတစ်ခုနှင့်ပြုံးပြရင်း..
"Jungkookသူငယ်ချင်းပါ
ခဏအိပ်ပျော်သွားတာ၊ အခုပဲပြန်တော့မို့"လက်ကိုအတင်းဖယ်ချပြီး မတ်တပ်ထရပ်လိုက်တော့ Jungkookကလဲ နိုးလာလေသည်။
ဆေးသောက်ပြီးအိပ်လိုပ်တော့ သိပ်မကျန်တော့သောအဖျားက သက်သာသွားသည်ထင်၊ မျက်နှာကလန်းလို့နေသည်။
တော်သေးတာပေါ့။"Hyung~ ဘယ်သွားမို့လဲ"
သူ့ကောင်လေးကို နောက်ကျောပေးအနေအထားဖြစ်နေတာကြောင့် သူကမတွေ့။
"ပြန်တော့မို့လေ
မင်းကောင်လေးလဲရောက်နေတယ်"ကျွန်တော်တံခါးဘက်ကို လက်ညှိုးထိုးပြရင်းပြောလိုက်သည်။
စိတ်မသက်မသာဖြစ်နေတာ အတော်ကိုပင်။
ဟန်ဆောင်ပြုံးနေရတာကြောင့် မျက်နှာကဘယ်လိုဖြစ်နေမည်မသိ။
ကျွန်တော်ပြောလိုက်ရော အလန့်တကြားထထိုင်ကာ နောက်လှည့်ကြည့်လေသည်။"ကလေး"
ထိုအခေါ်အဝေါ်ကြောင့် ပါးပြင်ပေါ်ဖြတ်ဆင်းသွားသော မျက်ရည်တစ်စက်။
မြင်သွားမှာစိုးသည့်အလား နောက်လှည့်လိုက်ကာ တစ်ခုခုရှာသလိုလုပ်လိုက်သည်။"ငါပြန်တော့မယ်နော်အလုပ်ရှိသေးလို့
ခွင့်ပြုပါအုံး"နှစ်ယောက်လုံးကိုနှုတ်ဆက်လိုက်ပြီး ပြန်ပြောမည့်စကားအားစောင့်မနေတော့ပဲ အခန်းထဲကအမြန်ထွက်လာလိုက်သည်။
နာကျင်တယ်၊ နှလုံးသားထဲက။