ᴛᴇɴ (အတိတ်နေ့ရက်များဆီသို့)

1K 118 12
                                    

Unicode

၃နှစ်။
၃နှစ်ဆိုတဲ့အချိန်ကာလဟာ ကိစ္စအတော်များများကို ဖြစ်ပျက်သွားစေသည်။
အဓိကအားဖြင့် အစ်ကို‌ Yooပေါ့။
အစ်ကို့မှာချစ်သူရှိနေတာကို ကျွန်တော်သိလိုက်ရတော့၊ မေမေစီစဉ်သော သူမချစ်တဲ့သူတွေကို တွေ့ရတဲ့ ကြင်ယာဖက်တွေ့ခြင်းဆိုတဲ့အရာအားရပ်တန့်စေရန်၊ သူချစ်တဲ့သူမနှင့်နီးစပ်စေဖို့အတွက် ကျွန်တော်အား‌ပေးအားမြှောက်လုပ်ခဲ့သည်။

မေမေ့တွေ့ခိုင်းသည်များကိုသွားမတွေ့ဖို့နဲ့ သူချစ်တဲ့သူမကိုအိမ်ခေါ်လာပြီး မိတ်ဆက်ပေးဖို့ပေါ့။
ဒါကို အစ်ကိုကငြင်းနေသေးတာ၊ မေမေ့ကိုမပြောရဲဘူးတဲ့။
ကျွန်တော်မေးလိုက်မိတယ်၊ အစ်ကိုချစ်တဲ့သူနဲ့ အတူမနေချင်ဘူးလားဆိုတော့ နေချင်တယ်တဲ့။
ဒါဆိုခေါ်လာခဲ့ပြီးမိတ်ဆက်ပေးလိုက်၊ အမှန်အတိုင်းဖွင့်ပြောလိုက်ဆိုတော့လဲမဟုတ်ပြန်။

ထပ်ပြီးမေးမိပြန်ပါရော၊ အစ်ကိုဒီလိုပဲ မေမေတွေ့ခိုင်းတဲ့သူတွေကိုသွားတွေ့၊ ပွဲပျက်အောင်ငြင်းပြီး တစ်သက်လုံးနေမလို့လား၊ အဲ့လိုလုပ်လို့ရမယ်ထင်နေလားဆိုတော့ သက်ပြင်းချလေသည်။ ညီလေးထင်သလိုမလွယ်ကူဘူးတဲ့။ မလွယ်ကူလေ ပိုကြိုးစားသင့်သည်မဟုတ်ပါလား၊ အစ်ကိုက ပျော့ညံ့လိုက်တာ။

အစ်ကို့ချစ်သူကကော အခုလိုတွေလုပ်နေတာသိလားဆိုတော့၊ အင်း သိတယ်တဲ့, မေမေတွေ့ခိုင်းတဲ့သူကိုတွေ့ရတာကို သူ့ကိုပြောပြထားတယ်ဆိုပဲ၊ သူမကလဲနားလည်ပါတယ်တဲ့။
အစ်ကို့ချစ်သူက ခန္တီပါရမီဘယ်လောက်များနေပါသလဲ၊ ကျွန်တော်အံ့ဩမိပါရဲ့။

ချစ်သူသက်တမ်း ၆နှစ်လုံး ဘယ်လိုများသည်းခံနေပါသလဲ၊ လက်ထပ်ဖို့မဆိုထားနှင့် ကြင်ယာဖက်သွားတွေ့နေသူအား ရေငုံနှုတ်ပိတ်နှင့်ထိုင်ကြည့်နေရသည်မဟုတ်ပါလား။
အစ်ကိုတို့တွေက တော်ထွက်ကြမယ့်အတွဲများလား။

ချစ်ရသူကိုပိုင်ဆိုင်ရတာ ဘယ်လောက်ပျော်ရွှင်ရလဲ အစ်ကိုသိမှာပါ၊ ချစ်သူဘဝမှာတင် ကြည်နူးမဆုံးဖြစ်နေရတာ၊ မနက်ခင်းနိုးတိုင်း သူနှင့်အတူနိုးထပြီး၊ ညအိပ်ယာဝင်တော့လဲ သူ့ကိုဖက်ကာအိပ်စက်ရမည်သာဆို အတိုင်းအဆမရှိ ပျော်ရွှင်ရခြင်းမဟုတ်ပါလား၊ ကိုယ်ပိုင်မိသားစုဆိုတဲ့ပျော်ရွှင်ခြင်းဆိုတာလဲ ပါလာပေအုံးမည်၊ မိသားစုထမင်းဝိုင်း၊ တီတီတာတာပြောတတ်မယ့် ကလေးတွေ၊ ဒါတွေကို အစ်ကိုမပိုင်ဆိုင်ချင်ဘူးလားလေ။

sᴇᴄᴏɴᴅ ʟᴇᴀᴅ (Season 1) CompletedDonde viven las historias. Descúbrelo ahora