ᴛʜʀᴇᴇ

1.7K 183 9
                                    

Unicode

သန့်စင်ခန်းအခန်းကျဉ်းလေးထဲက အနမ်းတွေကဘယ်လောက်ရှည်ကြာနေသည်မသိ၊ Taehyungဟာ Jungkookရဲ့ရင်ဘတ်အား အားနှင့်ဆောင့်တွန်းပစ်လိုက်ပြီး ထိုးပစ်ဖို့လက်ရွယ်လိုက်ပေမယ့် မလုပ်နိုင်ခဲ့ပါ။

တောက်!!

မလှုပ်မရှက်ဖြစ်နေသောကောင်အား အတင်းတွန်းဖယ်ကာ တံခါးဖွင့်ကာ ထွက်လာလိုက်သည်။
စားစရာမှာထားကာစောင့်နေသောသူအား နှုတ်ပင်မဆက်နိုင်တော့ပဲ ဖုန်းနဲ့ပိုက်ဆံအိတ်ကိုကောက်ကိုင်ကာ ထွက်လာလိုက်သည်။

"Taehyung.. ဘာဖြစ်လို့လဲ"

အနောက်ကလိုက်လာ၍ မေးနေသူအား အလုပ်တွဲဖက်လုပ်ရမည့်သူဟူသောစိတ်ကြောင့် စကားပြန်ပြောရလေသည်။

"နောက်မှဖုန်းဆက်လိုက်မှာမို့ ခွင့်ပြုပါအုံး"

"ခဏ! ထမင်းအတူစားဖို့လုပ်ထားတယ်လေ
နောက်ပြီး လုပ်ငန်းအတွက်လဲပြောရအုံး..*

"နောက်မှဆက်လိုက်မှာမို့! လက်ကိုလွှတ်ပေးပါ"

အတော်လေးစိတ်ရှုပ်နေပုံပေါက်တာကြောင့် လက်ကိုလွှတ်ပေးလိုက်တော့ ကားထဲဝင်ကာ ဒရောသောပါးမောင်းထွက်သွားလေသည်။
သန့်စင်ခန်းသွားပြီး ဘာဖြစ်သွားတာလဲ နားမလည်နိုင်တော့ပေ။

"ကိုကိုကကြာလိုက်တာ
ရော့.. ကိုကို့ရဲ့Steak၊ ကလေးလှီးပေးထားတယ်"

"ပြန်မယ် Lee Hoon"

"ကို ကို? ဘယ်လိုခေါ်လိုက်တာ.."

"အာာ Sorry.. ပြန်ရအောင်ကလေး"

"ဘာဖြစ်လို့လဲကိုကို"

"ဒီနေ့မလည်ပေးနိုင်တော့ဘူး ကိုကိုအရေးကြီးကိစ္စရှိနေလို့၊ နောက်နေ့မှ‌ပို့ပေးမယ် အခုပြန်ရအောင်"

"မစားတော့ဘူးလားကိုကို
ဘာတွေဒီလောက်အရေးကြီးနေတာလဲ"

"ကိုကိုကအရေးကြီးတယ်လို့ပြောနေတယ်မဟုတ်လား၊ ပြန်မယ်"

အံကြိတ်သံနှင့်ပြောလာသောကိုကိုဟာ ဘာတွေဒေါသထွက်နေပါသလဲ။
အမြဲအပြုံးချိုချိုနဲ့ပြောဆိုတတ်သူဟာ ဘာတွေစိတ်တိုနေပါသလဲ။
အခုလိုပုံစံမျိုး တစ်ခါမှမမြင်ဖူးခဲ့ပါ။

sᴇᴄᴏɴᴅ ʟᴇᴀᴅ (Season 1) CompletedWhere stories live. Discover now