ᴛᴡᴇʟᴠᴇ (အတိတ်နေ့ရက်များဆီသို့)

925 132 6
                                    

Unicode

ကိုယ့်အတ္တအမှားတွေကိုမသိပဲ မာနတလူလူနဲ့ Jeonသခင်မကြီးဟာ သားငယ်လေးသေဆုံးသွားတာတောင် ခဏတာမျှပူဆွေးခြင်းကို သရုပ်ဖော်ခဲ့သည်။
Kim Haruသေဆူံးခြင်းနဲ့ပက်သက်ပြီး အလွန်အမင်း အားရကျေနပ်နေခဲ့တာ။

နောက်ထပ်၃နှစ်‌ေကျာ်မျှ ကြာပြီးသောအချိန်၌ Kim Yooရဲ့ဇနီးဟာ ကိုယ်ဝန်ရခဲ့လေသည်။ အမျိုးမျိုးသောအကြောင်းအရာတွေကြောင့် ကလေးယူဖို့ကိုကြန့်ကြာနေခဲ့ပြီး အခုအခါမှာတော့ တစ်ပတ်ဆိုသောအသက်တည်ရှိမှု သန္ဓေသားလေးဖြစ်တည်နေခဲ့လေသည်။ အာထရာစောင်းကတော့ ၄လလောက်မှရိုက်ကြည့်လို့ရမှာပင်။

ဝမ်းသာမှုမှာ ကြည်နူးမှုတွေအားဖြည့်လောင်းရင်း လက်သီးလက်မောင်းတန်းပျော်ရွှင်နေခဲ့သော Jeon Yoo.

"သားလေးလား၊ သမီးလေးလားတော့မသိဘူး၊ ဘာနေနေ ကလေး‌ေလးကိုအဖေကအများကြီးချစ်မှာ သိလား?
ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာရမယ်နော်"

ဗိုက်နားကိုကပ်ကာ အသက်ရှူနှုန်းတောင်တိုင်းတာမရသေးသော သွေးဥခဲလေးအား စကားပြောနေသော ခင်ပွန်းသည်ကိုကြည့်ရင်း သူမပါကြည်နူးမျက်ရည်လို့ လည်လာရသည်။

"အိမ်ပြန်ကြမယ်၊ မေမေ့ကိုသွားပြောကြရအောင်၊ သိပ်ဝမ်းသာသွားမှာ မေမေက"

"အွန်း"

ဒီလိုနဲ့ပျော်ရွှင်ဖွယ်အိမ်ပြန်ခရီးလေးမှာ အရင်လိုနှစ်ယောက်တစ်ဘဝမဟုတ်တော့ပဲ၊ သုံးယောက်ဖြစ်လာခဲ့လေသည်။

**

၉လလွယ်၊ ၁၀လဖွား ဆိုသလို လူ့လောကထဲရောက်လာတော့မယ့် လူသားလေးဟာ မိခင်ဗိုက်ထဲ တွန်းထိုးရုန်းကန်မှု စတင်လုပ်လာလေသည်။
သန်းခေါင်ယံအချိန်၌ အောင်မြင်လှသောအသံကြီး ထွက်ပေါ်လာလေသည်။

"ယောက်ျားရေ! အား! ထပါအုံး ဗိုက်က နာနေလို့!"

"ဟင်!"

အိပ်နေသူဟာလဲ အလန့်တကြားနဲ့နိုးလာပြီး ချွေးစေးတွေပြန်ကာ နာကျင်မှုကိုအံတုနေသော ဇနီးသည်ကိုကြည့်ပြီး ခြေမကိုင်မိ၊ လက်မကိုင်မိ။

"ဗိုက်နာလို့ လို့! အားး!"

"ဆေး..ဆေးရုံ! ဆေးရုံသွားမယ်!
သွားမယ် လာ!"

sᴇᴄᴏɴᴅ ʟᴇᴀᴅ (Season 1) CompletedWhere stories live. Discover now