Unicode
လွန်လေခဲ့ပြီးသော အနှစ်၃၀ကျော်ခန့်က ကာလတစ်ခုဆီသို့။
ကြီးကျယ်ခမ်းနားမှုတွေဟာ သာမာန်လူကိုရှိန်စေတဲ့အထိ ထည်ဝါနေလေသောJeonအိမ်တော်။ထိုအိမ်ကြီးရဲ့အပေါ်ထပ်လှေကားကနေ ဂါဝန်အနီကိုယ်ကြပ်အားဝတ်ဆင်ထားသော အသက်၄၅နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး ဆင်းလာလေသည်။
ခမ်းနားလှသောအိမ်ကြီးရဲ့အပြင်အဆင်တွေနှင့်အပြိုင် သူမလည်ပင်းကဘယက်၊ လက်ဝတ်လက်စားတို့ဟာလဲ တောက်ပလို့နေလေသည်။
အသက်အရွယ်နှင့်မလိုက်အောင် နုပျိုမှုတွေဟာလဲ ဖိတ်လျှံလို့။
သူမကတော့ Jeonအိမ်တော်ကြီးတစ်ခုလုံးကို အာဏာလွှမ်းမိုးနိုင်သူ Jeon Yumi။"မေမေ အိပ်လို့ပျော်ရဲ့လားဗျ"
တည်ကြည်ခန့်ညားသောမျက်နှာထားနှင့် အပြုံးချိုချိုတို့လက်ကိုင်ထားသော အိမ်တော်ရဲ့သားကြီးဖြစ်သူJeon Yooရဲ့အမေးအား သူမရဲ့မူပိုင် အရယ်အပြုံးကင်းမဲ့သောမျက်နှာထားနှင့် 'အင်း' တစ်လုံးသာဖြေလေသည်၊ ထိုမျှလဲသွေးအေးလွန်းသောသူ။
ထိုကဲ့သို့ ရေခဲရိုက်မျက်နှာထားနှင့် သွေးအေးသောသူမအား ရယ်ပြုံးအောင်လုပ်နိုင်လေသောသူရှိလေသည်။
ထိုလူကတော့ သူမရဲ့သားငယ် Jeon Jooပင်။"Good Morning lady~~"
နှုတ်ခမ်းနီရဲတောက်တောက်ဆိုးထားသော သူမရဲ့နှုတ်ခမ်းလွှာပါးပါးအား တွန့်ချိုးပြုံးလျှက် သားငယ်ဖြစ်သူရဲ့ခေါင်းလေးကို ချစ်စနိုးနဲ့ပွတ်သပ်ပြီး..
"Morningပါ ခွေးပေါက်လေး"
သားကြီးကိုမချစ်တာလားဆိုတော့လဲမဟုတ်ပါ၊ ချစ်ပါသည်။
သို့ပေမယ့် သားငယ်ဖြစ်သူအား ခက်ခက်ခဲခဲနှင့်မွေးခဲ့ရပြီး ကျန်းမာရေးခြူခြာလွန်းတာကြောင့် အသက်၅နှစ်အထိ ဆေးရုံဟာ ကိုယ့်အိမ်ယာလိုဖြစ်ရသည်အထိ ဆေးကုခဲ့ရပြီး စောင့်ရှောက်ခဲ့ရတာကြောင့် ဂရုဏာနှင့်အချစ်တွေပေါင်းကာ အငယ်ဆုံးလေးလဲဖြစ်သော သားငယ်အား အချစ်ပို အလိုလိုက်ခဲ့ေလခြင်း။"Yoo.. ဒီနေ့ ကုမ္ပဏီမှာအလုပ်များလား"
"လက်မှတ်ထိုးစရာနဲ့ စာရင်းတစ်ချို့စစ်စရာတော့ရှိပါတယ် မေမေ
ဘာကိစ္စများရှိလို့လဲဗျ"