ᴛᴡᴏ

2.1K 189 13
                                    

Unicode

ချစ်ခြင်း၊ မုန်းခြင်းကို ဘာနဲ့တိုင်းတာပါသလဲ။
မမြင်နိုင်တဲ့ စိတ္တဇနာမ်လေးဟာ လူအမျိုးမျိုး၊ စိတ်အထွေထွေရဲ့ သဘောထားတွေထဲမှာ ပုံစံအမျိုးမျိုးနဲ့ဖြစ်တည်နေတော့တာ။

နှစ်‌‌ဦးနှစ်ဖက် သဘောတူချစ်ခြင်းကိုသာဂရုစိုက်မယ့်သူတွေရှိကြမည်။
နှစ်ယောက်ရဲ့ချစ်ခြင်းထက် ပတ်ဝန်းကျင်ရဲ့အမြင်ကို ဂရုစိုက်တဲ့သူတွေရှိနိုင်ကြမည်။
မိဘစိတ်တိုင်းကျ နေထိုင်ကြမည့်သူတွေလဲပါဝင်ပါသည်။
ကံကြမ္မာအလိုတော်ကျဟူသည့်ခေါင်းစဉ်တပ်ပြီး ချစ်ခြင်းတွေဖြတ်တောက်ခံရတဲ့အခါမျိုးလဲရှိပြန်သည်။

ကျွန်တော့်ရဲ့အချစ်ဟာ ကံကြမ္မာအလိုတော်ကျဟူသောခေါင်းစဉ်အောက်ရောက်ရှိခဲ့ရသည်။

လွန်ခဲ့သော၅နှစ်က ဖွင့်ဟခဲ့ဖူးသည့်အချစ်..

ပန်းရောင်စုံတို့ဖူးပွင့်နေသည့် ပန်းခြံထဲတွင် အပြုံးတွေတောက်ပလျက် ပန်းလေးတွေလိုလန်းဆန်းနေသော ကောင်လေးတစ်ယောက်ရှိလို့နေလေသည်။

ချစ်ရသူကိုခံစားချက်တို့ဝန်ခံဖို့ စောင့်မျှော်နေချိန် လက်ဖျားတို့အေးစက်နေခဲ့သည်။
စိတ်လှုပ်ရှားကာ ရင်ခုန်သံတို့ပေါက်ထွက်တော့မည့်အလား။

"Taehyung"

ရှပ်အဖြူပေါ်တွင် ဂျင်းအနက်လက်ရှည်ထပ်ဝတ်ထားပြီး၊ ဂျင်းဘောင်းဘီအနက်ကိုသာ ရိုးရိုးလေးတွဲဝတ်ထားပေမယ့် ချောမောနေမှုဟာ idolများပမာ။

သူ့မူပိုင်ယုန်သွားလေးတွေပေါ်အောင်ပြုံးပြလာပြီး၊ ဆံနွယ်နက်နက်ခပ်အုပ်အုပ်ကလေးအား ထိုးဖွလိုက်လေသည်။

တန်ပြန်အပြုံးလေးပြုံးပြလိုက်ပြီးလေတော့ မျက်လုံးချင်းဆုံအောင် မကြည့်ရဲဖြစ်ရသည်။

"Sorryဗျာ နောက်ကျသွားတယ်
ပြောစရာရှိတာဘာများလဲ၊ ပြောလေ"

"Jungkook.. ငါလေ.. ငါမင်းကိုချစ်.."

ဝင်လာသောဖုန်းသံကြောင့် ပြတ်တောက်သွားရသောစကားစ။
ကြည်လင်တောက်ပနေသောအပြုံးနှင့်အတူ ဖုန်းကိုင်လိုက်လေသော Jungkook။

sᴇᴄᴏɴᴅ ʟᴇᴀᴅ (Season 1) CompletedWhere stories live. Discover now