ᴇɪɢʜᴛ

1.6K 171 17
                                    

Unicode

နာကျင်မှု။
အသားမကျသေးသော ဒီနာကျင်မှု။
နှလုံးသားအား ဆွဲစုပ်ခံနေရသလို၊ ရင်ဘတ်ကိုထုကာ နာကျင်မှု သက်သာလိုသက်သာငြားပြုလုပ်မိသော်လဲ အချည်းနှီးသာ။
မပျောက်ပျက်သွားသော ဒီနာကျင်မှု။

မူးသွားရင် မေ့သွားမလားဆိုတဲ့စိတ်နဲ့ တစ်ခါမှမသောက်ဖူးသော အရက်ပြင်းပြင်းတွေကို သောက်နေမိသည်။
လည်ပင်းတစ်လျှောက်ပူဆင်းသွားသော ခါးသက်သက်ဒီအရသာ။
ဝမ်းဗိုက်ထဲကိုပါ ပူသွားစေသည်။

တစ်ခွက်နဲ့မမူးသေး၊ ရီဝေဝေဖြစ်ကာစအနေအထား။
ထိုစဉ် မြင်လိုက်ရသော ဝိုးတဝါးပုံရိပ်ဟာ Jungkook?
ငါမူးနေပြီလား၊ သူ့ကိုမြင်ယောင်နေပြီဆိုတော့။

လက်ဖြင့်မျက်လုံးကိုပွတ်လိုက်တော့ လက်ချောင်းတို့စိုစွတ်ကုန်သည်၊ အော်.. ငိုနေတာပဲ။
ပိုမိုနီးကပ်လာသောသူ၊ နောက်ပြီး ထိကပ်သွားသော နှုတ်ခမ်းသားများ။

အထိအတွေ့ဟာ လက်တွေ့ဆန်နေလေသည်။
ငါမူးပြီး တကယ်လွတ်ထွက်သွားပြီလား?
ပုံရိပ်ယောင်ဖြစ်နေရင်တောင် ဒီအခြေအနေအား ရုန်းထွက်ဖို့မကြိုးစားချင်၊ ငါမပိုင်ဆိုင်ရတဲ့မင်းကို စိတ်ကူးနဲ့ဖြစ်ဖြစ် ထိတွေ့မိချင်တယ်။

ပိုမိုနက်ရှိုင်းလာလေသောအနမ်းများ။
အသက်ရှူပါမဝချင်တော့။
မျက်လုံးတို့ဖွင့်လိုက်လေတော့ မြင်လိုက်ရသော သူ့မျက်ဝန်း၊ ရင်ဘတ်ကနေတွန်းထုတ်လိုက်တော့ ဖယ်ခွာသွားလေသည်။
ဒါ! တကယ်ကြီးလား!

အသက်ရှူသံပြင်းပြင်းနှင့် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
အံကြိတ်လိုက်သော Taehyung၊ ငါရူးနေပြီ!

"မင်း! ဒါဘာသဘောလဲ"

"Hyung.. ငါ.. တောင်းပန်တယ်"

"ဘာအတွက်လဲ ဘာကိုလဲ!"

လူကိုသာ တွေတွေကြီးစိုက်ကြည့်နေသောသူ။

"ငါ့ကိုအ‌ကြောင်းပြချက်မရှိပဲ နမ်းမိတဲ့အတွက်လား? မလိုဘူး! မင်းပြန်တော့ Jungkook!"

"မဟုတ်ဘူး.. Hyung.. အဲ့လူနဲ့ မတွေ့ချင်ဘူး"

"ဘာ?"

sᴇᴄᴏɴᴅ ʟᴇᴀᴅ (Season 1) CompletedWhere stories live. Discover now