"Oh My God...."

ဂ်ုဏ်းချုပ်က သူ့ကို သဝန်တိုပြီး အသက်ထွက်သွားစေချင်ဟန်တူ၏။မနေ့က ကိစ္စကြောင့် မနက်ခင်းနိုးလာရင် ရင်မဆိုင်ရဲလို့ ရှောင်ထွက်လာကာမှ သူရှိရာနေရာသို့ လိုက်လာ၏

"ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ...."

"မင်းကရော ဒီမှာ ဘာလုပ်နေတာလဲ...."

"ကျန်တဲ့သူတွေ ဒီကနေ အကုန်သွား...ဂိုဏ်းချုပ်ကို ယောင်လို့တောင် လှည့်မကြည့်နဲ့ ကြည့်တဲ့ကောင် ငါနဲ့တွေ့မယ်...."

"ကြည့်ရင် ဘာလုပ်မှာလဲ...သတ်မှာလား...သတ်မယ်ဆိုရင်...ငါလာခဲ့တဲ့ လမ်းတစ်လျှောက်လုံးဘဲ..."

"ကျစ်..."

"အခုမှ မကျေနပ်သလို လာလုပ်မနေနဲ့..ငါနိုးတာလာကို မင်းက ရှိမနေဘဲနဲ့..."

"sorry..sorry...မျက်နှာကို ဖုံးထားစမ်းပါ...ငါရူးတော့မယ် Metawin ရဲ့..."

"မရှိတော့ဘူး လွှင့်ပစ်လိုက်ပြီ..."

"လာ ပြန်မယ်..."

ဒုဂိုဏ်းချုပ်က သိပ်ကို အူတိုတက်တာ...ဟိုးအရင်ထဲက မျက်နှာလှလှလေးကို သူဘဲ ကြည့်ချင်ခဲ့တာ...လှတယ်ပြောလို့ အထိုးခံရလည်း...မျက်နှာနုနုကို စိုက်ကြည့်မိတိုင်း လှတယ်ဘဲ နှုတ်က ထွက်လာတာ...။အလှအပဆို တော်ရုံမခံစားတတ်တဲ့ ကိုယ်ဟာ ဒီမျက်နှာလေးကို သိပ်လှတယ်... သိပ်ကို အန္တရာယ် များလွန်းတယ်ဆိုတာ သိခဲ့တယ်လေ... ဒါကို စိတ်ဆိုးတာနဲ့ဘဲ မျက်နှာဖုံးထားတဲ့ ပုဝါစကို လွှင့်ပစ်ခဲ့သတဲ့...။
လက်ကနေ ဆောင့်ဆွဲသွားတဲ့သူနောက်က ကြိတ်ပြုံးကာ လိုက်ရင်း အကဲခတ်ကြည့်မိ၏။အခုချိန်ထိ မျက်လုံးချင်းဆုံအောင် မကြည့်သေး။လမ်းတစ်လျှောက် ဂိုဏ်းသားတွေကို ဗို့အားပြင်းတဲ့ အကြည့်တွေ လွှတ်ကာ သတိပေးချက်တွေ ထုတ်ပြန်နေ၏။ထို့နေ့က သူတို့ရဲ့ White Dragons Gang ခေါင်းဆောင်ဟာ ဘယ်လောက်လှကြောင်း ဒုဂိုဏ်းချုပ်ဟာ ဘယ်လောက်သဝန်တိုကြောင်း တစထက်တစ ပျံ့နှံသွားတော့၏။

*****

Mike နဲ့ ဒုခေါင်းဆောင်တွေက အရက်ချက်စက်ရုံအတွက် လိုအပ်တဲ့ ဖော်စပ်ပုံတွေကို လေ့လာရန်အတွက် သြဇီကို ရောက်နေကြတာ ဖြစ်၏။အစစအရာရာ ဂိုဏ်းချုပ်ရဲ့ အစီအစဥ်တွေနဲ့ သွားရတာ ဖြစ်၏။Mike ထွက်လာတာကို အသေးလေးကို အသိမပေးခဲ့..Gun Smile ကို မေးရင် သိလိမ့်မယ်ဆိုပြီး ထားခဲ့တာ ဖြစ်၏စိတ်ဆိုးနေသေးတာလည်း ပါ၏။3လလောက်ဘဲမို့ ဘာမှအဆက်အသွယ်မလုပ်ဘဲ ဒီအပေါ်ကိုဘဲ အာရုံစိုက်လုပ်မယ်လို့ဘဲ တွေးထားလိုက်၏။အချိန်ရရင် ပန်းတွေအကြောင်းလေ့လာမယ်...အပင်တွေ အကြောင်းလေ့လာမယ်လို့ဘဲ တွေးထားလိုက်၏။ပြီးရင် လက်နက် ကုန်သွယ်ဖို့ ရှာမယ်...။အသေးလေးကိုတော့ တစ်ခါတစ်လေ လွမ်းချင်လည်း လွမ်းမှာပေါ့လေ...။

Always With You (Completed)Wo Geschichten leben. Entdecke jetzt