အပိုင်း ၂၉

Start from the beginning
                                    

ကြိုးထုံးက ရိုးရိုးရှင်းရှင်းနဲ့လျော့လျော့လေးထုံးထားတာကြောင့် သူမအဲ့တာကို လွယ်လွယ်ကူကူ​​ဖြည်နိုင်ခဲ့တယ်။

သူမ ကြိုးကို ဖြည်လိုက်သည်နှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်တစ်ခုက သူမရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။

သူ့အသားအရောင်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဂျုံအရောင်ဖြစ်ပြီး ကျယ်ဝန်းသောပခုံးနှင့် ခါးကျဥ်ကျဥ်လေးရှိတယ် ၊  သူ့ခြေထောက်တွေက လုံးဝဖြောင့်တန်းနေပြီး သူ့တင်ပါးတွေက အနည်းငယ် ထွက်နေတယ်။  ရိုးရိုးသားသားပြောရရင် သူက အားကောင်းတဲ့ အာဖရိက က တောလိုက်ကျားသစ်ရိုင်းနဲ့ ယှဥ်လို့တောင်ရတယ်!

ဒါက လဲ့ယောင်းယောင်း တစ်သက်မှာ တစ်ခါမှ မမြင်ဖူးတဲ့ အဟော့ဆုံး ခန္ဓာကိုယ်ပဲ  တီဗီနှင့် မဂ္ဂဇင်းတွေထဲက မော်ဒယ်တွေတောင်သူ့ကို မယှဥ်နိုင်ဘူး။

လဲ့ယောင်းယောင်း မတတ်နိုင်ဘဲ ထွက်ကျလာခါနီး တံတွေးတွေကို မျိုချလိုက်တယ်။ သူမကကြောင်ဆိုးလေးလို မျက်လုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြင့် ထိုလူကို ကြည့်နေလေသည်။

မင်းသား ယွေ့က သူမရဲ့တုံ့ပြန်မှုကြောင့် ကျေနပ်သွားသည်။

“မင်းမြင်ရတဲ့ဟာကို ကျေနပ်မှုရှိရဲ့လား?”လို့ စနောက်လိုက်တယ်။

“အင်း ၊ ကျေနပ်မှုရှိပါတယ်!”

သူမသဘောမပေါက်ခင်မှာပဲ ထိုစကားများက ပြောထွက်သွားပြီးနေပြီဖြစ်သည်။

ချက်ချင်းဆိုသလိုပဲ လဲ့ယောင်းယောင်း ဘာပြောမိလိုက်သလဲဆိုတာကို  သဘောပေါက်သွားတယ်။ အနက်ရောင်မျက်လုံးအိမ်တစ်စုံထဲကို စိုက်ကြည့်ရင်း သူမ နိုးနိုးကြားကြားရှိလာသလိုပဲ။

မင်းသား ယွေ့ က သူမကို ကြည့်နေပြီး ပြုံးဖြဲဖြဲလုပ်ရင်း သူ့ရဲ့အေးစက်တဲ့မျက်လုံးအိမ်တွေက အခုတော့ ရယ်ချင်စိတ်တွေနဲ့ ပြည့်နှက်နေသည်။

လဲ့ယောင်းယောင်း စိတ်ထဲမှာ ပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး အေးခဲတောင့်တင်းနေခဲ့သည်။

အို ဘုရားသခင်၊ အဲဒါ အရမ်းရှက်စရာကောင်းတယ်!

သူမက အချစ်ခံရတဲ့ မိန်းကလေးလား?

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now