အပိုင်း ၁၇

En başından başla
                                    


သူမ မသေခဲ့သော်လည်း ကြောက်စိတ်ကြောင့် သေဆုံးလုနီးပါး ဖြစ်နေသည်။


ဘာကြောင့်လဲဆိုတော့ သက်ရှိလူသားတစ်ယောက်က သူ့နှလုံးသားကို မြှားတစ်စင်းနဲ့ ပစ်နေတာကို သူမမြင်လိုက်ရလို့ပါပဲ။ သူပစ်တာက ဘယ်လောက်တိကျနိုင်မှာလဲ?


ဤအခိုက်အတန့်တွင် သူမ ပါးဟူရဲ့ထိတ်လန့်သွားသလိုမျိုးဖြစ်သွားတဲ့ မျက်လုံးပြူးပြူးတွေကို မှတ်မိနေသေးသည်။ 

လဲ့ယောင်းယောင်းက သူမ စိတ်ဒဏ်ရာ ရသွားသလို ခံစားလိုက်ရသည်။

ငရဲမင်းက သူမကို ကယ်တင်ခဲ့ပေမယ့် သူမက နည်းနည်းလေးမှ ကျေးဇူးတင်မနေပါဘူး။ သူမခံစားခဲ့ရသမျှအားလုံးက အကြောက်တရားတွေကြီးပဲ။

ဖြစ်နိုင်ရင် သူ့ကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူး! သူမဘဝမှာ ဘယ်တော့မှမတွေ့ချင်တော့!

လဲ့ယောင်းယောင်းက ကတိသစ္စာစကားတစ်ခုထပ်ဆိုလိုက်တယ်။ဒါပေမယ့် အရာအားလုံးက သူမအတွက် ဆန့်ကျင်ဘက်တွေ ဖြစ်သွားတတ်သည်။  ကောင်းကင်ဘုံက သူမရဲ့ဘဝကို အမြဲတမ်း ခက်ခဲစေချင်နေတယ်။

—–

ညအခါမှာတော့

လဲ့ယောင်းယောင်းက မုန့်သေးသေးလေးတစ်လုံးသာ စားထားသောကြောင့် ဆာလောင်မှုကြောင့် နိုးလာခဲ့သည်။

သူမက သူမရဲ့ပြားချပ်နေတဲ့ ဝမ်းဗိုက်ကို ထိလိုက်ကာ ကျောက်တုံးလိုမျိုး မာကျောတဲ့ ကုတင်ပေါ်မှ ဖြည်းညှင်းစွာ ထလိုက်သည်။

သူမပြတင်းပေါက်မှတစ်ဆင့် လမင်းကြီးကို လှမ်းကြည့်နေသည်။ သူတို့ရဲ့ ဒီနေရာမှာ နာရီတွေမရှိလို့ ဘယ်အချိန်ရှိပြီလဲဆိုတာ သူမ မသိဘူး။ဒါပေမယ့် လက အရှေ့ဘက်သို့ လှည့်နေသည်ကို မြင်တော့ အဲ့တာက မနက် ၂ နာရီ ဝန်းကျင်ရှိပြီဟု သူမ ထင်မြင်မိသည်။

သူမ မွန်းတည့်ချိန်ကနေ အခုအချိန်အထိ အိပ်ပျော်နေမှန်း သိလိုက်ရသည်။သူမ အကြာကြီး အိပ်သွားခဲ့တော့ အရိုးတွေတောင် နာကုန်ပြီ။

တကယ်တော့ သူမဒီလောက်မာကျောတဲ့ကုတင်ပေါ်မှာ သူမရဲ့တစ်သက်လုံးလုံး တစ်ခါမှ  မအိပ်ခဲ့ဖူးဘူး။

ဒါ့အပြင် သူမက တစ်နေ့တာလုံး ကြက်ပေါင်နှင့် မုန့်သေးသေးလေးတစ်ခုကိုပဲ စားခဲ့တယ်။ အခုတော့ သူတို့တွေ ဘယ်အူထဲ ရောက်နေမှန်းတောင် သူမ မသိဘူး။သူမငတ်ပြီးသေတော့မယ်!


ရှောင်မုဇီရဲ့အခန်းက သူမဘေးတွင်ရှိသည်။  ဒါပေမယ့် အခုကအရမ်းနောက်ကျနေပြီလေ။ သူ့ကိုနှိုးလိုက်ရင်လည်း သူက နန်းတော်မှာရာထူးမရှိဘူး။  ဆိုလိုချင်တာကတော့ သေချာပေါက် သူကသူမအတွက် စားဖို့အစားအသောက်တွေကို ယူပေးနိုင်စွမ်းမရှိဘူး။ ဒါကြောင့် လဲ့ယောင်းယောင်းက ထိုအကြံကို စွန့်လွှတ်ကာ ဆက်ပြီးတော့အိပ်ရန် ဆုံးဖြတ်လိုက်သည်။ သူမ မနက်မှပဲစားတော့မယ်။

ဒါ​ပေမယ့်​ သူအိပ်​ထားတာအကြာကြီးမလို့ ပြန်​မအိပ်​ပျော်နိုင်​​တော့ဘူး။

ထို့ကြောင့် သူမက ကုတင်ပေါ်မှ တိတ်တဆိတ်ထွက်ကာ ဖိနပ်ကို ၀တ်လိုက်သည်။ထို့နောက် သူမ ဆွဲတံခါးကို တွန်းဖွင့်လိုက်ကာ အပြင် ထွက်လာခဲ့သည်။


ကြယ်လေးတွေ တောက်ပနေချိန် ကောင်းကင်ကြီးမှာ ထွန်းလင်းတောက်ပနေတဲ့ လမင်းကြီးကို တွဲလွဲဆွဲထားတယ်။  ကြယ်လေးတွေက မိုးကုတ်စက်ဝိုင်းအနှံ့ ပြန့်ကျဲနေပြီး တောက်ပနေတဲ့ စိန်တွေလိုမျိုးပဲ။က အလှတရားသည် အကန့်အသတ်မရှိဘူး။

ချမ်းအေးတဲ့ လရောင်က နွားနို့ရောင် အလင်းတန်းကို ထုတ်လွှတ်နေသည်။ ၎င်းသည် ကုန်းမြေအနှံ့ကို ညင်သာစွာ ဖြတ်သန်းသွားပြီး လေထုက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိသော ပုံစံပေါက်စေသည်။





ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Hikayelerin yaşadığı yer. Şimdi keşfedin