အပိုင်း ၁၆

Start bij het begin
                                    



အရာအားလုံးကိုကြည့်လိုက်မိတော့ လဲ့ယောင်းယောင်း  ရှုံးနိမ့်သွားသလိုခံစားလိုက်ရပြန်တယ်

ထို့ကြောင့် သူမ အိပ်မက်မမက်ကြောင်း သိလိုက်ရသည်။ သူမ တကယ်ပဲ အချိန်ခရီးသွားလာတာပဲ...

သမိုင်းစာအုပ်တွေထဲမှာတောင်မရှိတဲ့ မင်းဆက် ; ကောင်းကင်ယွမ်မင်းဆက်!

သူမ အိမ်ပြန်လို့မရတော့ဘူးလား...

လဲ့ယောင်းယောင်းက ထိုအကြောင်းကို ပိုတွေးလေလေ စိတ်ဓာတ်ကျလေလေဖြစ်သည်။

ညနက်နေပြီ ဖြစ်သောကြောင့် ဖြစ်နိုင်သည်။  တိတ်ဆိတ်မှုသာရှိနေတဲ့အခါ အထီးကျန်မှုကို ပိုသည်းမခံနိုင်တော့ဘူး။

ထို့အပြင်၊ ဤအကျွမ်းတဝင်မရှိသောမင်းဆက်တွင်ရှိနေခြင်းသည်လည်း သူမတွင် မိသားစုဝင်တစ်ဦးမျှမရှိဟု ဆိုလိုခြင်းဖြစ်သည်။

လဲ့ယောင်းယောင်းက ပိုပိုပြီး စိတ်ဆိုးလာသည်။  သူမ ပါးပြင်ပေါ်ကို မျက်ရည်များ စီးကျလာသည်။  မကြာခင်မှာပင် သူမမျက်နှာကို မျက်ရည်များ ဖုံးလွှမ်းသွားသည်။

ထိုအချိန်တွင် စိုးရိမ်သောကရောက်နေတဲ့ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"ရှောင်ယောင်းဇီ နင်ဘာလို့ငိုနေတာလဲ ?!"

ရှောင်မုဇီရဲ့ ကြင်နာတက်တဲ့ မျက်နှာက လဲ့ယောင်းယောင်း မြင်ကွင်းထဲသို့ တိုးဝင်လာသည်။

“ရှောင်မုဇီ….”

ရှောင်မုဇီက ဤထူးဆန်းသောတိုင်းပြည်တွင် သူမနှင့်ရင်းနှီးသော တစ်ဦးတည်းသောလူဖြစ်သည်။ သူ့ရဲ့ သူမအပေါ် စိုးရိမ်ပူပန်မှုက သူမနှလုံးသားတစ်ခုလုံး ပူနွေးစေပြီး မှုန်ဝါးဝါး ခံစားလိုက်ရသည်။

အခုချိန်မှာတော့ သူမကို ဂရုစိုက်တဲ့သူတစ်ယောက်ကိုပဲ လိုချင်ခဲ့တာပါ။

အနည်းဆုံးတော့ သူမဒီမှာ တစ်ယောက်တည်းတော့ မဟုတ်ဘူး။  သူမကို ဂရုစိုက်တဲ့သူတစ်ယောက်ရှိခဲ့တယ်။

ရှောင်မုဇီကို စိတ်မပူစေချင်တာကြောင့် လဲ့ယောင်းယောင်းက သူမရဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး ပြုံးပြလိုက်တယ်။

"ငါဗိုက်ဆာနေလို့"

"အိုး မင်းကငတုံးပဲ ။  ဗိုက်ဆာရင် ငါ့ကိုပြောပေါ့ ။  ဒီမှာ  ဒါက မီးဖိုချောင်ကနေ ယူလာတဲ့ ပေါက်ဆီ ။ အစ်ကိုလီကို မင်းအတွက် သိမ်းထားဖို့  ငါပြောခဲ့တာ။  ဘယ်သူမှမသိဘူး။  ဒါမှမဟုတ်ရင် ဘာမှကျန်တော့မှာမဟုတ်ဘူး။  မြန်မြန်စား!"

ရှောင်မုဇီရဲ့ ငြီးတွားမှုက သူမ အခန်းဖော်ဖြစ်သူကို လဲ့ယောင်းယောင်း သတိရသွားခဲ့သည် ။

သူမအရမ်းစိတ်ညစ်နေပေမယ့် သူမကိုတကယ်ဂရုစိုက်တယ်။

ဒါကိုတွေးရင်း လဲ့ယောင်းယောင်းက ယဉ်ကျေးဟန်မဆောင်တော့ဘဲ ရှောင်မုဇီရဲ့လက်ထဲက ပေါက်ဆီ​ကို လှမ်းတောင်းလိုက်တယ်။

ပေါက်ဆီက အေးနေပေမယ့် လဲ့ယောင်းယောင်းက အရမ်းဆာနေတာကြောင့် သူမ ဂရုမစိုက်ခဲ့ပါဘူး။  သူမက အကြီးကြီးကိုက်လိုက်ပြီး အလွန်မြန်မြန်စားလိုက်သည်။

ဒါပေမယ့် အစာစားတာ အရမ်းမြန်တာကြောင့် နင်သွားတယ်။  ကံကောင်းစွာနဲ့ပဲ ရှောင်မုဇီက ကောင်းကောင်းပြင်ဆင်ထားပြီး ရေတစ်ခွက် ပေးလာတယ်။ လဲ့ယောင်းယောင်းက အသက်ကို မှန်မှန်ပြန်ရှူနိုင်ပြီးနောက် သူမက ဆက်၍စားလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူမက နည်းနည်းချင်းစီသာ စားတော့သည် ။

ပေါက်ဆီက အလွန်သေးငယ်သည်။  သေချာတာကတော့ သူမဗိုက်ကို ဖြည့်ဖို့ မလုံလောက်ပါဘူး။  စားပြီးတာနဲ့ လဲ့ယောင်းယောင်းက ပိုလိုချင်နေသေးတာ ထင်ရှားပါတယ်။  သူမ လျှာကိုထုတ်ကာ နှုတ်ခမ်းနီရဲရဲလေးကို သပ်လိုက်သည်။

သူမကို ကြည့်ရတာ အစားကြီးတဲ့ ကြောင်လေးတစ်ကောင်နဲ့တူပြီး အရမ်းချစ်စရာကောင်းတယ်!


ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Waar verhalen tot leven komen. Ontdek het nu