"ဟုတ်ကဲ့ ဒုဂိုဏ်းချုပ်..."

"အဖွဲ့(3) ခေါင်းဆောင် Mike သူက ဂိုဏ်းရဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးစီမံခန့်ခွဲမှုကို အဓိက တာဝန်ယူရမယ် လိုအပ်တာတွေကို ခေါင်းဆောင်တွေ အချင်းချင်း ဆွေးနွေးတိုင်ပင်ပါ..."

"အဖွဲ့(4) ခေါင်းဆောင် Gun Smile သူက ဂိုဏ်းသားတွေကို လေ့ကျင့်ပေးရမယ့် တာဝန် ဂိုဏ်းသားတွေ တော်ခြင်း ညံ့ခြင်း အမိန့်နာခံတတ်ခြင်းတွေဟာ သူ့ပေါ်မှာ တာဝန်ရှိတယ်..."

"နောက်ဆုံးက Foei သူက အကြံပေး၊ သူရဲ့စကားကို ဂိုဏ်းသားတွေ အားလုံးနားထောင်ရမယ် အထက်ခေါင်းဆောင်တွေကို လေးစားသလိုမျိုး သူ့ကိုလေးစားပါ.."

"ဟုတ်ကဲ့...ဒုဂိုဏ်းချုပ်..."

"မရှင်းတာရှိလား...မကျေနပ်တာ ရှိလား..."

"မရှိပါဘူး..."

"ဒါဆိုရင်...ဒီနေ့ကစပြီး White Dragons Gang စတင် တည်ထောင်လိုက်ပါပြီ..."

"White Dragons Gang အဓွန့်ရှည်ပါစေ..."
"White Dragons Gang အဓွန့်ရှည်ပါစေ..."

"White Dragons Gang အဓွန့်ရှည်ပါစေ..."
"White Dragons Gang အဓွန့်ရှည်ပါစေ..."

"နောက်လ ဒီလိုအချိန် ဒီနေရာမှာဘဲ အစည်းအဝေးလုပ်ပါမယ်..ပျက်ကွက်ရင် ဂိုဏ်းထဲက ထုတ်ပါမယ်...တာဝန်တွေ ခွဲပေးပြီးပြီဖြစ်တာကြောင့် လေ့ကျင့်ရေးတွေလည်း နေ့တိုင်းရှိပါမယ်...ကိုယ့်ခေါင်းဆောင်တွေနဲ့ အချိတ်အဆက်မိအောင် ဆက်သွယ်ထားပါ အဖွဲ့ခေါင်းဆောင်တွေက တစ်နေ့တစ်ခါ တင်ပြပေးပါ..."

"ဟုတ်ကဲ့..ဒုဂိုဏ်းချုပ်..ဒါနဲ့လေ White Dragons ဆိုတာ ဘာအဓိပ္ပါယ်လဲ မသိဘူး..."

"White Dragons ဆိုတာ နဂါးဖြူဂိုဏ်း မဟုတ်ဘူး... White ဆိုတာတဲ့ အဖြူရောင်ဟာ ဖြူစင်ခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ အဓိပ္ပါယ် အပြင် ဂိုဏ်းချုပ်ကို ကိုယ်စားပြုတယ်..Dragons ဆိုတာက ငါအပါအဝင် မင်းတို့အားလုံးကို ကိုယ်စားပြုတယ်...ရပြီလား... "

"ရပါပြီ...ဒုဂိုဏ်းချုပ်..."

ဂိုဏ်းထဲမှာ အဲ့လိုမျိုး လျှာရှည်တဲ့ မိချောင်းသားသမီးတွေကလည်း ပါသေးတာ....Bright အနေနဲ့ မာဖီးယားဂိုဏ်းအသွင်နဲ့ ရှေ့ဆက်မှာမို့ ကမ္ဘာကြီးကို ကယ်တင်မယ်တွေ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ်တွေ ငြိမ်းချမ်းအောင် လုပ်မယ်တွေ မပြောလို..ပြောရအောင်လည်း အမတ်လောင်း ရွေးနေတာမဟုတ်တာကြောင့်၊ပြီးတော့ သူ တည်ထောင်တဲ့ ဂိုဏ်း ရေရှည်တည်တံ့ဖို့အတွက် သူဘာတွေ လုပ်ရမလည်းတောင် မခက်မှန်းတတ်ဘူးလေ..။

Always With You (Completed)Where stories live. Discover now