"ကျုပ်မေးနေတယ်လေ၊ အဲ့လူနဲ့ ဘယ်ချိန်ကသိနေတာလဲလို့"

"မင်း ဘာဖြစ်နေတာလဲ၊ ရုပ်ကြီးကိုလည်းကြည့်ပါဦး၊ ကလေးကြီးကျနေတာပဲ"

"ကျုပ်မေးတာပဲ ခင်ဗျားဖြေပါ၊ အဲ့ကောင်နဲ့ ဘယ်ချိန်ကတည်းက သိနေခဲ့ကျလို့၊ အခုလို ရီရီမောမောနဲ့ စကားတွေပြောနေနိုင်ရတာလဲ"

"မင်းအဲ့ဒီအကြောင်းမေးတာကို ဘာလို့ ဒီလိုပုံစံဖြစ်နေရတာလဲ၊ လူတွေကြည့်နေတယ် မင်းမရှက်ဘူးလား"

"မရှက်ပါဘူး၊ ဘာလို့ရှက်ရမှာလဲ"
ဒါတွေအားလုံး ခင်ဗျားကြောင့် ဖြစ်ရတာ..!!

"အဲ့လူနဲ့ ငါနဲ့က သိတာမနေ့ကမှသိတာ၊ အဲ့တုန်းက မင်းကို ငါ၀ယ်စရာရှိလို့ခေါ်တာမင်းမလိုက်ခဲ့ဘူးလေ"

"အော်..ဒါနဲ့ပဲ ကျုပ်မပါတာကို အခွင့်အကောင်းယူပြီး တစ်ခြားအကောင်နဲ့ သွားတာပေါ့ ဟုတ်လား"

"တိမ်၀လ္လာမိုးမြင့် မင်းစကားပြောတာကို ဆင်ဆင်ခြင်ခြင်ပြော၊  အဲ့နေ့က အမှတ်မထင် သူ့ဆိုင်ကယ်နဲ့ ငါနဲ့တိုက်မိမလိုဖြစ်သွားတယ် တော်သေးတယ်၊ လူက ဘာမှမဖြစ်သွားဘူး၊ ဒီနေ့ တွေ့တာကလည်း အမှတ်မထင် တွေ့မိခဲ့ကြတာ၊ သူနဲ့ စကားပြောနေတာကလည်း သူ့ဘက်ကကိုယ့်ကို အဆင်ပြေလားဆိုတာ မေးရုံသက်သက်ပဲ၊  ကျန်တာ ဘာ အကန့်မှမရှိဘူး"

"အဲ့ဒီအကြောင်းတွေ ကျုပ်မသိရပါလား"

"အဲ့အချိန်က ငါ့မှာမင်းကိုပြောပြဖို့ အခွင့်အရေးရှိခဲ့လို့လား၊ မင်း ရှယ်ယာရှင်တွေနဲ့ အရေးတကြီးကိစ္စတွေ လုံးပန်းနေတဲ့ အချိန်မှာ ငါ့ရဲ့ မဖြစ်စလောက် ကိစ္စသေးသေးလေးက အကြုံး၀င်မှာတဲ့လား"

မာန်ထက်သျှားသည်လည်း ဒေါသသံကို အနည်းငယ်ထိန်းယူလိုက်ကာ စကားကို အဆင်ပြေသလို ပုံစံမျိုးဖြင့် အတော်အတန်အားယူပြီးပြောနေရတာဖြစ်သည်။
အဲ့နေ့က မတော်တဆမူ့တစ်ခု သျှားဖြစ်ခဲ့သည်။
ကံကောင်းတယ်လို့ပဲပြောရမလားပဲ၊ သိပ်ကြီး"မား" လူကိုမထိခိုက်တာမို့ အဆင်ပြေသွား၏။
တစ်ဖက်ကဆိုင်ကယ်က နောက်ကခရီးသည်နဲ့အတူ လမ်းချိုးကို ကွေ့ဝိူက်လာတဲ့ အခိုက်မှာ သျှားကလည်း လမ်းဖြတ်ကူးတဲ့ အချိန်နဲ့ သွားဆုံမိပြီး နှစ်ဦးနှစ်ဖက် အရှိန်လွန်သွားကြကာ ဆိုင်ကယ်လည်းပစ်လဲ၊ လူလည်းပဲ လန့်ပြီး လဲကျသွားခဲ့သည်။
ဆိုင်ကယ်သမားကောင်လေးကလည်း သဘောကောင်းရှာပါ၏။ သူကလည်း နောက်က လိုက်ပါခဲ့တဲ့ ခရီးသည်က အရေးတကြီးဖြစ်နေတာမို့ အလျင်လို‌မောင်းမိလိုက်ကြောင်းကိုလည်း ရှင်းပြလာ၏။
တစ်ဖက်ကလူက တောင်းပန်လာတော့လည်း သျှားသည်လည်းပဲ ဘာမှ အရေးတယူမရှိချင်တော့တာနဲ့ လူလည်း ဘာမှ မဖြစ်တာမို့ စကားကိုသိမ်ရာကနေဖြတ်လိုက်သည်။
တကယ်လည်းဒီမတော်တဆမှာ သျှားဘက်က မမှားပေ။
တစ်ဖက်က ဆိုင်ကယ်သမားက ကိုယ့်လမ်းမဟုတ်ပဲ မှားခဲ့တာကြောင့် ဒီလိုအခြေအနေကိုရောက်ရတာဖြစ်သည်။

{ ချည် } Där berättelser lever. Upptäck nu