****

"အပြင်ကို တကြည့်ကြည့်နဲ့ ဘာဖြစ်နေတာလဲ Bright.. "

"ဟင်..ဘာ..မှမဖြစ်ပါဘူး..."

"ပြောစမ်း ဘယ်သူ့ကို စောင့်နေတာလဲ..."

"ဟမ်း..Win ကို..."

"Win ကို ...ဘာလုပ်မို့လဲ..."

"နေ့လည်ကျ ငါတို့ဆီ လာမယ်ပြောထားလို့..."

"ကျောင်းမှ မလွှတ်သေးတာကို..မင်းကလည်း..."

"Foei နဲ့ Bright မသင်ချင်ရင် ထွက်သွားလို့ ရတယ်နော်..."

ဆရာမ လှမ်းအော်တော့မှ နှစ်ယောက်သား ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ပြောနေရာက ရပ်တော့သည်၏။ Mike တို့နှစ်ယောက်ကလည်း မနက်ထဲက စကားကောင်းကောင်း မပြောဘာမှလည်း မေးလို့လည်းမရ၊ Bright ကို ကြည့်တော့လည်း အခန်းဝကို ကြည့်ကာ တစ်မျှော်မျှော်လုပ်နေတာကြောင့် Foei မှာ သူ့သူငယ်ချင်းတွေကို ကြည့်ကာ စိတ်ညစ်နေတော့သည်။ကျောင်းလွှတ်တာနဲ့ စာအုပ်ကို လွတ်အိတ်ထဲ အတင်းထိုးထည့်ပြီး ကမူးရှူးထိုး ထသွားတော့ Foei သုံးယောက်လည်း Bright နောက် အသည်းအသန် ပြေးလိုက်ရပြန်၏။အခန်းဝ ရောက်တော့ Win တို့ သုံးယောက်က မတ်တပ်ရပ်ကာ စောင့်နေပြီး Win က မပြုံးစဖူးပြုံးကာ Bright ကို ကြည့်နေ၏။

"What the...လောကကြီး ဘာဖြစ်သွားတုန်းဟ..."

"ဘာလို့လဲ Foei ရ...."

"ဟိုမှာ Win ကိုကြည့် Bright ကို ပြုံးပြီး စကားပြောနေတာ..."

"အေးဟ..သူ့ကို မပြုံးတတ်ဘူးလို့တောင် ထင်တာ..."

Gun Smile နဲ့ Foei က အပြန်အလှန်ပြောနေပေမယ့် Foei က တိတ်တိတ်ဆိတ်ဆိတ်။

"ဟိုကောင်တွေ..မုန့်စျေးတန်း သွားမယ်..."

"ဘယ်တုန်းကမှ မသွားတဲ့ ကောင်က အထူးအဆန်းတွေ လုပ်ပြီ..."

ပြောသာပြောရတယ်..Bright ခေါ်တော့လည်း လိုက်ရတာပါဘဲ..။ရှေ့ဆုံးက Bright နဲ့ Win နဲ့က လျှောက်သွားပြီး သူတိူ့နောက်မှာ Dew နဲ့ Nani နောက်ဆုံးမှာတော့ သူတို့သုံးယောက်ပေါ့။တစ်ကျောင်းလုံးရဲ့ အာရုံကလည်း သူတို့ဆီဘဲ ရောက်နေကြ၏။Bright လည်း သူနဲ့ ဘေးချင်းကပ် လျှောက်လာနေတဲ့ Win ကို မသိမသာလေး ငဲ့စောင်းကြည့်နေမိ၏။

Always With You (Completed)Where stories live. Discover now