My Master-30 (Z+U)

Start from the beginning
                                    

"အမလေး Yeolနဲ့ Hyunတွေနဲ့ပြောပြီးရိုနေကြပြန်ပြီ Jonginရေ ငါ့ကိုဒီကနေခေါ်ထုတ်သွားပါတော့ "
KyungSoo Hyungက ထုံးစံအတိုင်းနယ်ဘက်ရောက်နေမယ့် Jonginကိုလှမ်းတသည်။

"ဝက်သားချိုချဉ်ကြောစားချင်တယ် Hyun "

"ရပါ့ အိမ်မှာဝက်သားရှိပြီးသားပဲ "

"သခင်လေး Sehunရောဘာစားချင်လဲ ကျနော်လုပ်ကျွေးမယ်လေ "
Luhanကကျနော်တို့ကိုအားကျမခံဘဲ သခင်လေး Sehunကိုလှမ်းမေးသည်။

"Lu Hyungချက်တာဘာမဆိုစားကောင်း‌ေပမယ့် ပဲငါးပိဟင်းရည်သောက်ချင်တယ် "

"အိုခေဗျာ ကျနော့်သခင်လေးကိုလုပ်ကျွေးရမှာပေါ့ "

"ငါဟာ ဒီထမင်းဝိုင်းမှာလူပိုကြီးပဲ တတိယလူ...မှားလို့...ပဉ္စမလူဖြစ်နေတာပဲ ဘယ်မလဲ ငါ့အတွက်တရားမျှတမှု" KyungSoo Hyungကလေပူကြီးမှုတ်ထုတ်ကာ လောကကြီးကိုစိတ်ပျက်သွားသည့်ပုံစံဖြင့်ပြောလာသည်။

" ပူးဝါး Hyungလေး ဟားဟာဟား Jongin Hyungရေ KyungSoo Hyungကိုလာကယ်တင်ပေးပါဦး"

"Park Sehun!!! ငါ့ကိုမရီနဲ့စမ်း "

"မရဘူး ပြောမှာပဲ "

ကျနော်တို့ရဲ့မနက်ခင်းလေးသည် တကယ်ပင်ပျော်စရာကောင်းတာအမှန်။

နေ့လယ်စာအတွက် ကျနော်ကအသားတွေလှီးနေရင်း Luhanကစကားစလာသည်။Yeolနဲ့သူ့ညီကတော့ ဧည့်ခန်းမှာ။

"မနေ့ညကဘယ်လိုလဲ Baekhyun"

"အရမ်းအဆင်ပြေ"
Luhanကငါမပြောဘူးလားဆိုတဲ့ မျက်နှာပေးနဲ့ပြန်ကြည့်လာလေသည်။

နေ့လယ်စာကို ကျနော်ချက်ထားတဲ့ ဝက်ချိုချဉ်ကြော်နဲ့ Luhanချက်ထားတဲ့ ပဲငါးပိဟင်းရည်အားပါးတရစားဖြစ်သည်။

"Yeolသွားချင်တဲ့နေရာရှိလား "

"ကိုယ်တို့ ဒိတ်ရအောင် Hyun "

"ဟုတ်ပြီလေ Hyunအဝတ်သွားလဲလိုက်ဦးမယ် "

နှစ်ယောက်လုံးအဝတ်လဲပြီးထွက်လာတော့ အံ့ဩစရာဖြစ်ရသည်။ ကျနော်တို့နှစ်ယောက်လုံးသည်တိုင်ပင်ထားခြင်းမရှိဘဲ စုံတွဲဝတ်အဝါရောင် Hoodieလေးတွေကိုဝတ်လာကြသည်။ ဒီစုံတွဲဝတ် Hoodieတွေက သခင်လေးSehun ကျနော်တို့ကိုလက်ဆောင်ပေးထားခြင်းဖြစ်သည်။

My Master (Completed) (Z+U)Where stories live. Discover now