My Master-19 (Z+U)

680 59 8
                                    

(Unicode)

"ဒေါက် ဒေါက် ငါ Jonginပါ Chanyeol"

"ဝင်လို့ရတယ် "
အခန်းတံခါးပွင့်လာတာနဲ့အတူ Jonginဝင်လာခဲ့ပါသည်။

"ငါပြောစရာရှိလို့ Chanyeol"

ခုံတလုံးမှာ Jonginကဝင်ထိုင်လိုက်ရင်းပြောလာတော့

"ပြောလေ"

"ငါနိုင်ငံခြားပြန်တော့မယ်"

"ရုတ်တရက်ကြီးပါလား Jongin ဒီရောက်တာတောင်မကြာသေးတာကို
လာတုန်းကလည်းရုတ်တရက်ကြီး ပြန်တော့လည်းရုတ်တရက်ကြီး"

"ကိစ္စလေးတွေရှိလို့ပါ ငါမပြန်ခင်အလုပ်တွေအကုန်ဖြတ်ခဲ့ပေးပါမယ်"

"ဒါဆိုလည်းဟုတ်ပြီလေ"

"ပြီးတော့ ငါပြောစရာရှိသေးတယ် ငါပြန်ရင် Baekhyuneeကိုပါခေါ်သွားချင်တယ် သူတအားပင်ပန်းနေတော့ ငါမကြည့်ရက်လို့"

ကျနော်ဘာပြောရမှန်းမသိဘဲ စဉ်းစားနေမိသည်။ အရင်ကတော့ Baekhyunကို Jonginနဲ့မနီးစပ်စေချင်ပေမယ့် အခုတော့ အခြေအနေကတမျိုးတဖုံပြောင်းသွားသည်။

ကျနော့်နားသူရှိနေလျှင် သူနာကျင်ရမည်။ အန္တရာယ်များမည်။ Jonginနဲ့လိုက်သွားရင် Jonginကသူ့ကိုချစ်တာကြောင့် အပြည့်အဝဂရုစိုက်ပေးမှာအမှန်ပင်။ ဒါ့အပြင် သူ့ပန်းချီလက်ရာတွေကလည်းကောင်းတာမလို့ နိုင်ငံခြားမှာ သူ့အတွက်အခွင့်အလမ်းကောင်းတွေအများကြီးရှိလာနိုင်သည်။

"သူ့ကိုပြောကြည့်ပြီးပြီလား"

"ပြောတော့မပြောရသေးပေမယ့် ငါပြောတော့မှာပါ သူလိုက်ချင်တယ်ပြောရင်မင်းခွင့်ပြုပေးမှာလား"

"သူလိုက်ချင်တယ်ဆိုရင်တော့ ငါမတားပါဘူး Jonginမင်းခေါ်သွားလို့ရပါတယ်"

"ကျေးဇူးပါ Chanyeol"
Jonginလည်းကျေးဇူးတင်စကားပြောပြီး ကျနော့်အခန်းထဲမှပြန်ထွက်သွားသည်။ ဒီနေ့ကခရစ်စမတ်အပြီးနှစ်ရက်မြောက်‌ေန့ဖြစ်သည်။
Baekhyun တော်တော်ဖျားနေသည်ဟုကြားပေမယ့် ကျနော်သွားမကြည့်ရက်။မြန်မြန်သက်သာလာပါ Baekhyun မင်းပိုပြီးကြံ့ခိုင်လာရမယ်နော်။

……………………….

ဒီနေ့က New Yearည။
အိပ်မပျော်တာပြန်ဖြစ်ပြန်သည်။ Baekhyunကိုမတွေ့ရသည်မှာလည်း ခရစ်စမတ်ပြီးကတည်းကဖြစ်သည်။ ဘယ်လောက်တောင်နာကျင်သွားလို့ ခုထိမသက်သာရသေးတာလဲ။

My Master (Completed) (Z+U)Where stories live. Discover now