My Master-2 (Z+U)

1.1K 92 0
                                    

(Unicode)

ကျနော် ဒီနေ့မနက် ပုံမှန်လုပ်နေကြအတိုင်း သခင်လေးကိုနက်ကတိုင်စီးပေးနေရင်း သခင်လေးကပြောလာသည်။

"Baekhyun ဒီနေ့ညစာပြင်မထားနဲ့ ဒီညအလုပ်ကိစ္စရှိလို့ ပြန်မလာဖြစ်ဘူး"

အလုပ်ကိစ္စဆိုကတည်းက သွေးထွက်သံယိုဖြစ်မယ့်ကိစ္စတွေပါလာတော့မယ်မှန်း
ကျနော်သိလိုက်သည်။

ပြီးတော့ သခင်လေးကိုယ်တိုင်သွားမယ်ဆိုကတည်းက အန္တာရယ်များမှာကိုလည်း ကြိုခန့်မှန်းမိလိုက်သည်။

"သခင်လေး ကျနော်ကတော့ဖြစ်နိုင်ရင် သခင်လေးကိုမှောင်ခိုလောကက ကိစ္စတွေမလုပ်စေချင်ဘူး သခင်လေးအဲ့တာတွေမလုပ်လို့မရဘူးလား"

"မလုပ်နဲ့လို့ပြောရအောင် မင်းကဘာမလို့လဲ ကိုယ့်အဆင့်ကိုယ်သိနော် Baekhyun"

"တောင်းပန်ပါတယ် သခင်လေး"

"သွားတော့ မနက်စာစားဖို့သွားပြင်ထားလိုက်တော့"

ဟုတ်ကဲ့ သခင်လေး ဟုပြောပြီး ကျနော်အောက်ဆင်းလာလိုက်သည်။ သခင်လေးပြောသည်လည်းမှန်တာပဲ။ ကျနော်ကသခင်လေးအတွက် အစေခံအဆင့်ပဲလေ။

မနက်စာစားဖို့ပြင်ဆင်ပေးပြီး ခနကြာတော့ သခင်လေး2ယောက်လုံး ထမင်းစားခန်းထဲရောက်လာကာ မနက်စာစားကြသည်။

ကျနော်နဲ့Luhanက စားနေတုန်းလိုတာရှိရင် ပြင်ဆင်ပေးဖို့ မတ်တပ်ရပ်စောင့်ရသည်။ မနက်စာစားရင် သခင်လေးSehunကစကားစလာသည်။

"Hyung ဒီတခေါက်ရော ကျနော်သွားပေးလို့မရဘူးလား"

"မရဘူး Sehun အဲ့ဘက်ကငါနဲ့ကိုယ်တိုင်တွေ့ချင်တာ ပြီးတော့မင်းကိုငါစိတ်မချဘူး မင်းကအတွေ့ကြုံနည်းသေးတယ်"

"ဒါပေမယ့် Hyung"

"ဘာမှမပြောနဲ့တော့ Sehun စားပြီးကုမ္ပဏီသွားဖို့လုပ်တော့"

သခင်လေးက သခင်လေးSehunကိုတကူးတကကြီးဂရုစိုက်ပြမနေပေမယ့် တော်တော်တော့ချစ်မှန်းကျနော်သိသည်။

သခင်လေးပြောပြီး ထမင်းစားခန်းထဲကထွက်သွားတော့ သခင်လေး Sehunကကျနော့်ကိုပြောလာသည်။

My Master (Completed) (Z+U)Where stories live. Discover now