My Master-25 (Z+U)

678 55 4
                                    

(Unicode)

ဒုတိယအကြိမ် အိပ်မွေ့ချမယ့်ရက်ကိုရောက်လာခဲ့ပြန်ပြီ။

"Byun Baekhyun shiအခုဘယ်ရောက်နေပါသလဲ"

"ကျနော်.... ကျနော် အိပ်ခန်းလိုအခန်းတစ်ခုထဲရောက်နေတယ် အခန်းကအရမ်းကျယ်ပြီးသားနားလွန်းတယ်"

"ဘာလို့အဲ့ကိုရောက်နေတာလဲ"

"ကျနော် လူတယောက်ရှေ့ရပ်နေတယ် အဲ့လူကကျနော့်ကိုအပြစ်တင်နေတာ"

"သူ့မျက်နှာကို မြင်ရလား"

"မမြင်ရဘူး ဝါးနေပြန်တယ်"

"သူကဘာလို့ Byun Baekhyun shiကိုအပြစ်တင်နေတာလဲ"

"သူနေ့လယ်စာမစားလိုက်ရလို့တဲ့"

"Byun Baekhyun shiကဘာပြန်ပြောလိုက်လဲ"

"တောင်းပန်ပါတယ် သခင်လေးလို့ပြန်ပြောလိုက်တယ်"

"သခင်လေးလို့ပြောလိုက်တာလား"

"ဟုတ်တယ် သူ့အရှိန်အဝါကကျနော့်ကိုလွှမ်းခြုံနိုင်တယ် ကျနော့်ကိုသိမ်ငယ်စေနိုင်တယ် သူကကျနော့်ရဲ့အရှင်သခင်လိုမျိုးလို့ကျနော်ခံစားရတယ်"

"အဲ့သခင်လေးကဘာထပ်ပြောသေးလဲ"

"အိမ်အပြင်မြက်ခင်းထဲမှာ တညလုံးဒူးသွားထောက်‌ဖို့ပြောလာတယ်"

"Byun Baekhyun shiဒူးထောက်ခဲ့လား"

"ဟုတ်ကဲ့ ကျနော်သူ့အမိန့်ကိုမဖီဆန်နိုင်ခဲ့ဘူး အဲ့အခန်းထဲကပြေးထွက်လာပြီး လှေကားအတိုင်းပြေးဆင်းလာခဲ့တယ် ပြီးတော့ သူခိုင်းတဲ့အတိုင်းမြက်ခင်းပြင်အကျယ်ကြီးပေါ်မှာဒူးထောက်လိုက်တယ် ဒူးထောက်ရင်းကျနော်အိမ်ကြီးကိုကြည့်မိတယ် အိမ်ကြီးကတော်တော်ကြီးပြီးခမ်းနားလွန်းတယ်
ပြီးတော့...ပြီးတော့ ကျနော်မြက်ခင်းပြင်မှာဒူးထောက်နေရင်း ကျနော်အရမ်းချမ်းလာတယ် ဆောင်းရာသီမလို့ထင်တယ် မြက်ခင်းတွေကစိုစွတ်နေပြီး အစိုဓာတ်ကကျနော့်ဘောင်းဘီထဲအထိ စိမ့်လာတာမလို့ ကျနော်အရမ်းအေးပြီးတုန်လာတယ်"

"ရပါပြီ ပြန်နိုးထလာပါတော့ Byun Baekhyun shi"

"ကျနော်ပြန်နိုးလာတော့ Drက ရေတခွက်ပေးကာ
ဘယ်လိုခံစားရလဲ Byun Baekhyun shi"

My Master (Completed) (Z+U)Where stories live. Discover now