My Master-6 (Z+U)

887 66 0
                                    

(Unicode)

ဘာလိုလိုနဲ့ သခင်လေးမွေးနေ့နီးလာပြီ။ ကျနော်အခုထိဘာပေးရမလဲ မသိသေး။ အရင်နှစ်တွေကတော့ ကျနော်စုထားတဲ့ထဲကနေ အင်္ကျီလေး၊ဖောင်တိန်လေးတွေဝယ်ပေးခဲ့သည်။

သခင်လေးက တလတခါကျနော့်ကိုလစာသဘောမျိုးပေးသည့်အပြင် KyungSoo Hyungနဲ့ သခင်လေးSehunကပါ တခါတလေ သခင်လေးမသိအောင်မုန့်ဖိုးခိုးပေးတတ်သည်မလို့ ကျနော်စုထားတတ်သည်။
တချို့သောမွေးနေ့များမှာတော့ ကျနော်ဆွဲထားသည့်ပန်းချီကားလေးတွေပေးသော်လည်း သခင်လေးက ကြိုက်သည်လည်းမပြော၊ မကြိုက်သည်လည်းမပြောတာလို့ သခင်လေးကြိုက်သည်ဟုပဲ တဖက်သတ်ယူဆလိုက်သည်။

ဒီနှစ်မွေးနေ့မှာတော့ ကျနော်ဘာပေးရမလဲခေါင်းစားနေတာကြောင့် Luhanနဲ့တိုင်ပင်ကြည့်တော့

"ဆောင်းရာသီလည်းရောက်တော့မှာဆိုတော့ ဆွယ်တာဖြစ်ဖြစ်၊ပုဝါဖြစ်ဖြစ်ပေးရင်ရော"

Luhanပြောတာကိုနားထောင်ကြည့်တော့ ကျနော်သဘောကျသွားသည်။

"ဟုတ်တယ် မင်းပြောသလိုပဲ အဲ့လိုလေးပေးရမယ် "

နည်းနည်းကောင်းသည့်ထဲကပဲ လက်ဆောင်ပေးချင်သည်မလို့ ကုန်တိုက်ကိုသွားလိုက်သည်။
‌ေတာ်‌ေတာ်‌ေလးရှာကြည့်‌ေသာ်လည်းစိတ်ကြို‌က္မရှိ။
နောက်ဆုံးဆွယ်တာတွေရောင်းသည့်ဆိုင်တဆိုင်ရောက်တော့မှ ဆိုင်မှာချိတ်ထားသည့် ဆွယ်တာလေးတထည်ကိုကျနော်တော်တော်သဘောကျသွားသည်။

အရောင်က ရှားညိုရောင်လေး လည်ပင်းက V shapeလေးနဲ့ diamondအကွက်တွေနဲ့ လူကြီးဆန်ဆန်အလွန်လှသည်။ အမြဲစမတ်ကျနေတဲ့ ကျနော့်သခင်လေးသာဝတ်လိုက်ရင် အတိုင်းထက်အလွန် ကြည့်ကောင်းနေမှာအမှန်။

သို့သော်ထိုဆွယ်တာလေးဈေးကိုမေးကြည့်တော့ ကျနော်မျက်လုံးပြူးသွားသည်။ ဈေးကတော်တော်ကောင်းသည်မလို့ ဝယ်ရနိုးနိုး မဝယ်ရနိုးနိုးတွေဝေသွားမိသည်။

"ဒါကနိုင်ငံခြားကလာလို့ပါ သိုးမွေးအစစ်နဲ့ စက်ထိုးမဟုတ်ဘဲ လက်ထိုးမလို့ပါ အကို"

ထိုရှားညိုရောင်ဆွယ်တာလေးကို ကျနော်အင်မတန်ဝယ်ချင်သော်ငြား ပိုက်ဆံမလောက်။ ဒါကအရောင်းသွက်သည့်ထဲပါလို့ နောက်တခါလာရင်ရှိဖို့မသေချာ။ ကျနော်စဉ်းစားရကြပ်နေပြီ။

My Master (Completed) (Z+U)Where stories live. Discover now