****

"Win...Win ရေ..."

"သူဌေးလေး Win အိပ်နေတုန်းပါ...အပေါ်ထပ် အခန်းထဲမှာ ရှိပါတယ် အစ်ကိုလေး တို့..."

"ကျေးဇူးပါခင်ဗျ..."

Dew နဲ့ Nani က ကျောင်းသွားဖို့ အချိန်ရောက်တာတောင် ဆင်းမလာသေးတာကြောင့် လိုက်လာရခြင်း ဖြစ်၏။နှစ်ယောက်သား အပေါ်ထပ်ကို တပ်လာရင်း Win ရဲ့ အခန်းရှေ့ ရောက်တော့ အခန်းတံခါးကို ခေါက်လိုက်၏

"ဒေါက်...ဒေါက်...ဒေါက်..."

"အထိန်းတော်ကြီး...ဒီနေ့ Win ကျောင်း မသွားဘူးလို့..."

"မဟုတ်ဘူး.. ငါတို့.... Win ရေ..."

"Dew တို့လား...ဝင်လာခဲ့လေ..."

အထဲရောက်တော့ Win က ကုတင်ပေါ်မှာ ညအိပ်ကာတွန်း ဝမ်းဆက်လေးဖြင့် အရုပ်တွေကြားထဲမှာ ထိုင်နေတာကို တွေ့လိုက်ရ၏။နေမကောင်းတဲ့ ပုံတော့မပေါက်..။

"ခွီး...Win..မင်း ဘာတွေ လုပ်နေတာလဲ..."

"ဝှီး...ဘုတ်....အင့်ဟာ..ဘာရီစရာ ပါလို့လဲ..."

"ခွီး...ဟား...ဟား...ဟား...."

"မင်းတို့နှစ်ကောင် ရပ်လိုက်တော့နော်...."

"အေးပါ..မင်းက ကလေးကလားတွေ လုပ်နေတော့ ရီချင်သွားလို့..."

"မင်းတို့က ကျောင်း မသွားဘူးလား..."

"မင်းကို လာခေါ်တာလေ..."

"ငါ..ငါ..မသွားဘူး..."

"ဘာလို့လဲ နေမကောင်းလို့လား...တစ်နေရာရာ နာနေလို့လား..."

"ဘာမှမဖြစ်ဘူး...ဒီအတိုင်း မသွားချင်လို့..."

"မင်း မသွားရင် ငါတို့လည်း မသွားဘူး..."

"ဟ...ကိုယ်ချင်းဆက်နေလို့လား...စာတွေ မရဘဲ နေအုံးမယ် သွားကြပါ..."

"ဒီစာတွေလောက်များ...မျက်စိမှိတ်ဖြေရင်တောင် ရတယ်..."

"အေးပါ...မသွားလည်း နေကြ...ကျရင် သုံးယောက်လုံးပေါ့..."

"ဒါပေါ့..." (အစ်မကြီး မြနှင်းရည်လွင် အသံဖြင့်)

"ဒါနဲ့ Win မနေ့က အဆင်ပြေရဲ့လား..."

"အင်း ပြေပါတယ်..." ခေါင်းလေးငြိမ့်ကာ ပြောလာတဲ့ Win က ထူးထူးခြားခြား ပြုံးလို့နေ၏။

Always With You (Completed)Where stories live. Discover now