ဒီနေ့မှာတော့ စစ်တပ်က ပေယွီစီးကို ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးဖို့ ခုံရုံးဖွင့်စစ်ဆေးကြတယ်။ ဝမ်ရှောင်းယွင်က ကျွမ်းကျိုးကို နန်းတော်ကနေ သွားမကြိုနိုင်ခဲ့ဘူး။

သူ အစက ချန်ကျင့်ရွှယ်ကိုပို့ပြီး ကျွမ်းကျိုးကို ကြိုခိုင်းချင်ခဲ့တယ်။ ဒါပေမဲ့ ကျွမ်းကျိုးကတော့ သူညဘက် နတ်ဘုရားရုပ်တုထဲမှာအိပ်မှာကို ချန်ကျင့်ရွှယ် သိသွားရင် ဒုက္ခများမှာကို ခံစားမိလိုက်တယ်။ ခဏနေရင် သူ နောက်တစ်ခါ ပြန်လာရမှာပဲလေ။ အဲဒါကြောင့် သူ ဝမ်ရှောင်းယွင်ရဲ့ အကြံပြုချက်ကို ငြင်းလိုက်တယ်။

"ကျွန်တော် လမ်းသိနေပြီလေ၊ ကိုယ့်ဟာကိုယ် သွားလို့ရပါတယ်" ကျွမ်းကျိုးက ပြောတယ်။ "တကယ်လို့ ချန်ကျင့်ရွှယ်ကို လာကြိုခိုင်းလိုက်ရင် ကျွန်တော် သူနဲ့အတူအိမ်ပြန်ချင်ယောင်ဆောင်နေရဦးမယ်။ အခု သူက ရှောင်ဖော့လန်ရဲ့ လက်နတ်စနစ်ကို အဆင့်မြှင့်ဖို့ ကူညီပေးနေတာပဲ။ သူလည်း အလုပ်ရှုပ်နေမှာပဲ"

ဝမ်းရှောင်းယွင်က အနည်းငယ် စိတ်တိုသွားတယ်။ "ကျိုးကျိုး မင်း အဲဒီမှာ ဘယ်နှစ်ရက်တောင် 'နေ'ရဦးမှာလဲ"

ဝမ်ရှောင်းယွင်ရဲ့အသံထဲမှာ ညည်းညူသံကြားလိုက်ရသလိုပဲမို့ ကျွမ်းကျိုးလည်း နည်းနည်း အပြစ်မကင်းသလို ခံစားလိုက်ရတယ်။ ".....မျက်လွှာဖွင့်ပွဲမတိုင်ခင်နေ့အထိပဲ.... အင်း ခင်ဗျားဆောက်ပေးတဲ့ နတ်ဘုရားရုပ်တုက တော်တော်လေးကြီးတယ်။ သူ့ကို ရောင်တော်ဖွင့်ဖို့ တန်ခိုးစွမ်းအင်ကလည်း အများကြီးလိုအပ်တယ်"

ဝမ်ရှောင်းယွင်က အခု ဒီလိုမျိုး နတ်ဘုရားပုံတော် လုပ်မိတာအတွက် နည်းနည်းတောင် နောင်တရသွားတယ်။

ဒါပေမဲ့ သူငယ်ချင်းလေး အင်မတန်ပျော်နေတာကိုတွေ့လိုက်ရတော့ သူ့မှာသာ ဒုတိယအခွင့်အရေးရခဲ့ရင် ဒီလိုမျိုးပဲ ဆင်တူလုပ်ခဲ့ဦးမှာပဲ။

"ကောင်းပြီ အဲဒါဆို ဂရုစိုက်သွားနော်"

"နားလည်ပါပြီ"

ဖုန်းချလိုက်ပြီးနောက် ကျွမ်းကျိုးလည်း သက်ပြင်းချလိုက်တယ်။ ဒါက ချစ်ခြင်းကြောင့် ရှုပ်ထွေးမှုများလား၊ ဟုတ်တယ်မလား။ ဝမ်ရှောင်းယွင်က အမြဲတမ်း သူ့ကို ကွဲအက်လွယ်တဲ့အရာတစ်ခုလို ဆက်ဆံလေ့ရှိတယ်။ ဒါပေမဲ့ သူက သေချာပေါက် အလွန့်အလွန် အားကြီးတာပဲကို။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now