Chapter 2 (U+Z)

10.3K 1.7K 81
                                    

-Unicode-

အခန်း - ကိုယ့်ကိုယ်ကို စားစရာကပ်လှူလို့မရဘူးလား

ကျွမ်းကျိုးဟာ ဝမ်ရှောင်းယွင်နဲ့ တစ်နေကုန် အမှိုက်ပုံကြီးကို လှန်လှောထိုးဆွနေခဲ့တယ်။

သူအရင်က ဒီလောက်စကေးကြီးတဲ့ အမှိုက်ပုံကြီးကို တစ်ခါမှမမြင်ဖူးသလို သူဆင်းသက်လာတုန်းက ဒီလိုလူသူမရှိ၊ တစပြင်လို ခြောက်ကပ်နေတဲ့ အရိုင်းတောထဲကို ရောက်လာရတယ်ဆိုတာ မတော်တဆမှုတစ်ခုခုကြောင့် ဖြစ်ရမယ်လို့ နည်းနည်း သံသယဝင်နေတယ်။

လုပ်နေရင်း တဝက်တပျက်မှာ သူ့ဘာသာသူ လမ်းရှာပြီး ထွက်သွားဖို့ ကြိုးစားလိုက်သေးတယ်။ ဒါပေမဲ့လည်း သုံးနာရီထက်ကြာအောင် လမ်းပတ်လျှောက်ပြီးနောက်မှာ အမှိုက်ကလွဲရင် နောက်ထပ်အမှိုက်တွေပဲ ထပ်တွေ့ရတယ်။

ဒီလူ့အနားကို ပြန်လာရုံအပြင် ရွေးချယ်စရာမရှိခဲ့ဘူး။

သူစူးစမ်းလေ့လာကြည့်ရသလောက် ဒီလူက တစ်နေကုန်အောင် ပစ္စည်းတွေကောက်လာလိုက်၊ ပြင်လိုက်ပဲ လုပ်နေတယ်။

ကျွမ်းကျိုးက ဒီလူကလည်း ဒီနေရာမှာ ပိတ်မိနေတာဖြစ်ရင်ဖြစ် မဟုတ်ရင် ဒီမှာနေတာပဲ ဖြစ်မယ်လို့ ယူဆလိုက်တယ်။

ကြည့်ရတာ သူဝိညာဉ်ဆက်သွယ်ရေးလက်ဖွဲ့ကို သုံးဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး ထင်ပါတယ်။

ဝိညာဉ်ဆက်သွယ်ရေးလက်ဖွဲ့ဟာ မဟာနတ်မင်းကြီးက ကျွမ်းကျိုးကို သူမသွားခင် ပေးခဲ့တဲ့အရာဖြစ်တယ်။ သူ့မှာ အားလုံးပေါင်း သုံးခုရှိတယ်။ တကယ်လို့ သူသာ ပြဿနာကြုံခဲ့ရင် ဒီလက်ဖွဲ့တွေကို သုံးပြီး မဟာနတ်မင်းကြီးဆီမှာ အကူအညီတောင်းခံလို့ရတယ်။

ဒါပေမဲ့ နတ်ဘုရားပေါက်စလေးတွေအတွက်တော့ သူတို့ရဲ့ အလုပ်သင်သင်တန်းကာလမှာ အဲဒါကိုသုံးဖို့ဆိုတာ ရှားပါးတဲ့ကိစ္စဖြစ်တယ်။

လက်ဖွဲ့သုံးခုဟာ အကူအညီ သုံးခုတောင်းခံတာနဲ့ ညီမျှတယ်။ အဲဒါကို သင်တန်းကာလမှာတင် သုံးကြိမ်သုံးတယ်ဆိုတာက သူတို့ဘာသာသူတို့ မဖြေရှင်းနိုင်တဲ့ ပြဿနာ သုံးခု ကြုံတွေ့နေရတယ်လို့ ဆိုလိုတာပဲ။ အဲဒီအလုပ်သင်ကိုတော့ ချက်ချင်း အရည်အချင်းမပြည့်မီဘူးလို့ အကဲဖြတ်ခံရမှာအသေအချာပဲ။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now