Chapter 1 (U+Z)

17K 1.9K 121
                                    

-Unicode-

အခန်း - ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားက လူ့ပြည်ဆင်းလာပြီး လမ်းပျောက်နေတယ်

တောင်တစ်လုံးလောက် အရွယ်ရှိတဲ့ အမှိုက်ပုံတစ်ပုံဘေးမှာ ထိုနေရာနဲ့ လုံးဝအံဝင်ခွင်ကျဖြစ်မနေတဲ့ လူငယ်လေးတစ်ယောက်က မတ်တပ်ရပ်နေတယ်။

လူငယ်လေးကို ကြည့်ရတာ သိပ်အသက်ကြီးပုံမရ။ အသက် ၁၇ - ၁၈ နှစ်လောက်သာ ရှိဦးမယ့်ပုံ။ သူဝတ်ထားတဲ့ ထသွားထလာဝတ်စုံဟာ သူ့ရဲ့နဂိုငယ်ရွယ်တဲ့အသွင်ကို ပိုပြီးတော့တောင် ငယ်ရွယ်ပုံပေါက်စေတယ်။ နူးညံ့ပြီး ချောမောသော မျက်နှာလေးနဲ့ သူ့ကိုကြည့်ရတာ ပန်းချီကားထဲက ပုံတူကူးထားတဲ့အတိုင်းပဲ။

သူက အရမ်းသန့်ရှင်းနေတာကြောင့် အမှိုက်ဂြိုလ်မှာ ပေါ်လာမယ့်လူတစ်ယောက်နဲ့ မတူဘူး။

ဝမ်ရှောင်းယွင်ကို ကြည့်နေတဲ့ လူငယ်လေးရဲ့ မျက်လုံးတွေက ကြည်လင်ပြီး ရွှန်းရွှန်းလဲ့လဲ့ တောက်ပနေတယ်: "ကျွန်တော့်ကို ကိုးကွယ်လိုက်။ ခင်ဗျားကို ချမ်းသာအောင် ကျွန်တော်လုပ်ပေးမယ်"

ဝမ်ရှောင်းယွင်က သူအခုလေးတင် ကောက်လာခဲ့တဲ့ ပျက်စီးနေတဲ့ မက်ခါအပိုင်းအစလေးတွေကို တိတ်တိတ်လေး အိတ်ထဲထည့်လိုက်ပြီးတော့ ဆက်ပြီး အမှိုက်ပုံထဲကို လှန်လှောထိုးဆွနေတယ်။ (T/N mecha ဆိုတာက anime၊ manga စကားအသုံးအနှုန်းပါ mechanical ကို အတိုကောက်ခေါ်တာလို့ ပြောရမယ်၊ အရှည်ဆို စက် သို့ စက်ရုပ် နှင့်ဆိုင်တဲ့ ပစ္စည်းလို့ ပြောရမယ်)

လူငယ်လေးဟာ စိတ်ရှုပ်ထွေးလာပြီး မျက်တောင်ခတ်လိုက်ကာ ဆက်ပြီး စည်းရုံးရေးဆင်းနေတယ်: "ကျွန်တော် ခင်ဗျားရဲ့ မျက်နှာပေါက်ကို လေ့လာကြည့်ပြီးသွားပြီ။ ခင်ဗျားက အရမ်းကံကောင်းတဲ့လူတစ်ယောက်ပဲ။ အခုချိန်ကစပြီး ချမ်းသာကြွယ်ဝဖို့ ကျွန်တော့်ကို စပြီး ကိုးကွယ်ဖို့ပဲလိုတယ်"

ဝမ်ရှောင်းယွင်က ဆက်လက်ပြီး နှုတ်ဆိတ်နေတယ်။

လူငယ်လေးက စိတ်ရှည်လက်ရှည် အကြံပေးလိုက်တယ်: "ယောက်ျားဆိုတာ အဲဒီလို တိုးတက်ကြီးပွားလိုစိတ်တွေ ပျောက်ဆုံးနေလို့ ဘယ်ရမလဲ၊ ခင်ဗျား တစ်သက်လုံး အမှိုက်ကောက်နေလို့ မရဘူးမလား။ အနာဂတ်မှာ အိမ်သူတစ်ယောက် ဘယ်လိုလုပ်ရှာမလဲ။ ခင်ဗျား မိသားစုကို ဘယ်လို ကျွေးမွေးထောက်ပံ့မှာလဲ"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now