Chapter 50 (U+Z)

6.2K 1.2K 34
                                    

-Unicode-

အခန်း ၅၀: အိပ်မက်လား လက်တွေ့လား

ဓာတ်ရောင်ခြည်အဆိပ်သင့်မှုကုသဌာနကို စီစဉ်ပြီးနောက်မှာ ကျွမ်းကျိုးက ပိုလို့တောင် အလုပ်များလာတယ်။

နေ့ဘက်ဆို သင်တန်းကျောင်းမှာ အတန်းနှစ်တန်း သင်ရတယ်။ နေ့လယ်ဆိုရင် အဆိပ်သင့်လူနာတွေ ကုသပေးဖို့ နန်းတော်ကို သွားရတယ်။ ညဆိုရင် နတ်ဘုရားပုံတော်ကို မျက်လွှာဖွင့်ပွဲအတွက် ပြင်ဆင်ရပြန်တယ်။

ကျွမ်းကျိုးက အိမ်ကိုတောင် မပြန်တော့ဘဲ ဝမ်ရှောင်းယွင်ဆောက်ပေးတဲ့ ကြွယ်ဝခြင်းနတ်ဘုရားနတ်ကွန်းမှာပဲ နေလိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ဝမ်ရှောင်းယွင်: "................"

ဒါနဲ့ပတ်သက်ပြီး *အိပ်ခန်းဆောင်တွေကို စောင့်ကြပ်ရသူ ဝမ်ရှောင်းယွင်တစ်ယောက်ခမျာ ကန့်ကွက်ချက်တွေ အတော်လေးများလာပါရော။ (*ဒီအသုံးက ငယ်ရွယ်တဲ့လက်ထပ်ထားတဲ့ မိန်းမပျိုလေးတစ်ယောက် သူ့ယောကျ်ား အပြင်မှာ တစ်ခုခုသွားလုပ်တဲ့အချိန် သူ့ဘာသူ အိပ်ရတဲ့အခါမှာ သုံးနှုန်းပါတယ်တဲ့)

ဘယ်လိုပဲဖြစ်ဖြစ် ကျွမ်းကျိုးက သူ့ကို ချော့မော့ပြောတဲ့နေရာမှာ အရမ်းတော်တယ်။ "ဒါပေမဲ့ မျက်လွှာဖွင့်ပွဲကလည်း တအားအရေးကြီးတယ်လေ။ ဒါက ကြယ်အစုအဝေးကလူတွေ အကုန်လုံးရှေ့မှာ ပေါ်လာမဲ့ စစ်မှန်ပြီး သေချာဆောက်လုပ်ထားတဲ့ ကျွန်တော့်ရဲ့နတ်ဘုရားပုံတော်ဖြစ်လာမှာလေ။ ကျွန်တော်က အရမ်းဂရုစိုက်မှရမယ်"

သူက သာမန် **** (ဆင်ဆာ) တစ်ခုသက်သက် မလုပ်ချင်ဘူး။ အဲဒီအစား နတ်ဘုရားပုံတော် တကယ်ကို အကျအနဖြစ်လာရမယ်။

ဗုဒ္ဓရဲ့မျက်လွှာဖွင့်ပွဲတွေမှာဆို ၄၉ ရက်တိုင်တိုင် ကျမ်းဂန်တွေ ရွတ်ဖတ်ဆုတောင်းပတ္တနာပြုဖို့လိုအပ်တယ်။ သူတို့ရဲ့ နတ်ဘုရားပုံတော်တွေကတော့ ဗုဒ္ဓပုံတော်နဲ့ မတူဘူး။ အဲဒီလောက်အကြာကြီး ရွတ်ဖတ်ဆုတောင်းစရာ မလိုဘူး။ ဒါပေမဲ့ စစ်မှန်တဲ့နတ်ဘုရားပုံတော်တစ်ခု ဖန်တီးဖို့နဲ့ သိဒ္ဓိအနှစ်သာရတိုးပွားအောင် အားဖြည့်ပေးဖို့ သူ့ကိုယ်ပိုင်တန်ခိုးစွမ်းအင်ကို သုံးဖို့လိုအပ်တယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now