Chapter 36 Part 1 (U+Z)

6.6K 1.3K 62
                                    

-Unicode-

အခန်း ၃၆ (၁): ဟေ့လူ ခင်ဗျားရဲ့အမွှေးတိုင်အရသာက... တော်တော်လေး စုတ်ချာတာပဲ

အခြားချမ်းသာတဲ့ မဟာဆန်တဲ့မဒမ်တွေနဲ့ ခြားနားစွာပင် မဒမ်ဝမ်ဟာလည်း မှူးမျိုးမတ်နွယ်မိသားစုက မွေးဖွားလာတာဖြစ်ပေမဲ့ သူ့မိသားစုမှာ စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိတယ်။

ဒါပေမဲ့ မဒမ်ဝမ်ရဲ့မိသားစုက 'အမျိုးသမီးတွေက မိသားစုလုပ်ငန်းကို မဆက်ခံနိုင်ဘူး' ဆိုတဲ့ ကိစ္စတစ်ခုလုံးကို မယုံဘူး။ ဘယ်သူက လုပ်နိုင်လဲ၊ လုပ်နိုင်တဲ့သူ ရမှာပဲ။ မဒမ်ဝမ်က စီးပွားရေးမှာ ပါရမီပါတယ်။ မိသားစုပိုင်ပစ္စည်းတွေက အခြေခံအားဖြင့် အကုန်သူ စီမံခန့်ခွဲတာပဲ။

အဲဒီလိုဆိုပေမဲ့ တခြားချမ်းသာတဲ့ မဟာမျိုးနွယ်မဒမ်တွေကတော့ သူတို့လက်ထဲမှာ တကယ်တမ်း လုပ်ပိုင်ခွင့်အာဏာသိပ်မရှိကြဘူး။ သူတို့တွေ သုံးဖို့ဖြုန်းဖို့အတွက် ပိုက်ဆံကို သူတို့အမျိုးသားတွေအပေါ်မှာပဲ မှီခိုနေကြတယ်။ ဒီလိုမျိုးအခြေအနေမှာ ဒီလူချမ်းသာမဒမ်အုပ်စုထဲမှာ မဒမ်ဝမ်က သူတိုနဲ့ တစ်နည်းနည်းနဲ့ မကိုက်ညီသလိုမျိုးဖြစ်နေတယ်။

မဒမ်ဝမ် ဝမ်မိသားစုနဲ့ လက်ထပ်ပြီးနောက်မှာ မိသားစုနှစ်စုရဲ့စီးပွားရေးတွေကို ပေါင်းစည်းလိုက်ပြီး မဒမ်ဝမ်ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ဆက်ရှိစေတယ်။ ဒါကြောင့် တခြားလူချမ်းသာမဒမ်တွေအများကြီးဆို အားကျလွန်းလို့ ငိုတောင်ငိုချင်လောက်တဲ့အထိပဲ။

မင်းမျိုးစိုးနွယ်ဝင်တွေက အထူးသဖြင့် သူတို့အချင်းချင်းထဲမှာ ယှဉ်ပြိုင်ရတာကို နှစ်သက်ကြတယ်။ ငွေရေးကြေးရေးနဲ့ ပြောရေးဆိုခွင့်အရဆိုရင် တခြားချမ်းသာတဲ့မဒမ်တွေက မဒမ်ဝမ်နဲ့ မယှဉ်နိုင်ကြဘူး။ သဘာဝအလျောက်ပဲ တခြားနယ်ပယ်တွေမှာပဲ ချိန်ထိုးကြည့်နိုင်ကြတယ်။

အဲဒါကြောင့် ဝမ်ရှောင်းယွင်ရဲ့အဖေ ဝမ်ထျန် တိုက်ပွဲမှာဆုံးပါးသွားပြီးနောက် လူတော်တော်များများက မဒမ်ဝမ် လုံးဝပျက်စီးသွားတာကို စောင့်ကြည့်နေကြပြီး မုဆိုးမဘဝကို လှောင်ရယ်ဖို့ မျှော်လင့်နေကြတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now