Chapter 31 (U+Z)

7K 1.3K 42
                                    

-Unicode-

အခန်း ၃၁: ကျွန်တော် အခု ဆေးရုံကားနဲ့ အရေးပေါ်ခန်းကို သွားနေတဲ့လမ်းမှာ

"ငါ့ကို ချိန်-ကောV*လို့ခေါ်ကြ" ဆိုသူရဲ့ နာမည်အရင်းက ချိန်ကျန့်ရှန်။ သူက အဆင့်တစ် စစ်တက္ကသိုလ်က ပထမနှစ်ကျောင်းသားဖြစ်တယ်။

သူက ကျွမ်းကျိုးကို မကောင်းဆိုးဝါးလို့ခေါ်တဲ့ ပထမဆုံးအွန်လိုင်းဘလော့ဂါလည်း ဟုတ်တယ်။

နှစ်ဆုံးစာမေးပွဲတုန်းက ဒုတိယနေရာကနေအောင်ထားပြီး သူလိုငါလိုလူတွေထဲကနေ ခွဲထွက်လာခဲ့တယ်။

ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ စိတ်စွမ်းအားမှာ S အဆင့်ရှိတဲ့ စစ်တက္ကသိုလ်ကျောင်းသားတစ်ယောက် အနေနဲ့ သူက တပ်ဖွဲ့တွေအားလုံးအတွက် အင်မတန်မှ အလားအလာကောင်းတဲ့ သင့်တော်သူတစ်ယောက်ဖြစ်တယ်။

ချိန်ကျန့်ရှန်ရဲ့ မိသားစုနောက်ခံက အရမ်းကောင်းတာကိုတော့ ပြောစရာတောင်မလိုဘူး။ သူ့အဖေကလည်း တပ်ထဲမှာ ရာထူးတစ်ခုရှိတယ်။ သူ့ရဲ့ ပင်ကိုပါရမီကိုပါထည့်တွက်လိုက်ရင် သူက စစ်တပ်ဖွဲ့တစ်ခုခုရဲ့ ထိပ်တန်းတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့ အစောကြီးကတည်းက ဆုံးဖြတ်ပြီးသားပဲ။ သူဒီတပ်ဖွဲ့ကို ဝင်လိုက်တာနဲ့ သူရဲ့အထူးလေ့ကျင့်မှုကို စတင်မှာဖြစ်တယ်။

ဒီလိုမျိုး လက်သပ်မွေးထားတဲ့သူတစ်ယောက်က အလိုအလျောက် အနာဂတ်မှာ တပ်ထဲမှာ ရာထူးနိမ့်နိမ့်မှာတော့ ကျမှာမဟုတ်ဘူး။

အဲဒါကြောင့်ပဲ ချိန်ကျန့်ရှန်က တော်တော်လေး သွေးနားထင်ရောက်နေတယ်။

လူတော်တော်များများက သူတို့တွေအားလုံးမှာ တူညီတဲ့အိပ်မက်တွေ ရှိကြတယ်ဆိုပြီး ပြောတာကိုတွေ့တိုင်း သူက အထင်သေးသလိုပဲ ခံစားရတယ်။

ချမ်းသာတဲ့မိသားစုကလာတဲ့သူဖြစ်တဲ့အတွက် သူက ဒီလိုဆုမဲလေးတွေနဲ့ ကံကောင်းတဲ့အဖြစ်အပျက်အသေးအမွှားလေးတွေကို ဂရုမစိုက်ဘူး။ ဒီလူတွေအားလုံးက နည်းနည်း တုံးတယ်လို့တောင် ထင်နေသေးတယ်။ သူတို့ရဲ့ မသိစိတ်ကို ဒီလိုမျိုး ဝင်ရောက်တာခံရပြီး တကယ်ပဲ ပိုက်ဆံရှာနိုင်မယ်လို့ ထင်နေကြတာလား။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now