Chapter 25 (U+Z)

6.7K 1.3K 109
                                    

-Unicode-

အခန်း ၂၅: အဲဒါဆို ကိုယ့်ကို မင်းအိပ်မက်ထဲလာခွင့်ပေး

ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ကို လျစ်လျူရှုထားတယ်။

အိပ်ချိန်ရောက်သွားတာတောင် ဝမ်ရှောင်းယွင်နဲ့ အိပ်ဖို့ငြင်းနေတော့တယ်။ ဒါတင်မကဘူး။ သူ ဝမ်ရှောင်းယွင်ကို အခန်းထဲတောင် ဝင်ခွင့်မပေးတော့ဘူး။

တံခါးလော့ခ်က သေချာပေါက် ဖွင့်ထားတယ်လို့ ပြနေပေမဲ့ ဝမ်ရှောင်းယွင် ဝင်လို့ကိုမရဘူး။

ဝမ်ရှောင်းယွင် ဗီဒီယိုစခရင်ကို ဖိလိုက်ပြီး အသံကို နှိမ့်ပြီးပြောလိုက်တယ်: "ကျိုးကျိုး စိတ်မဆိုးပါနဲ့ ကိုယ့်ကို ဝင်ခွင့်ပေးပါ"

အခန်းထဲမှာ ကျွမ်းကျိုးဟာ သူ့နတ်ဘုရားပုံတော်ကို ပိုက်ပြီး အိပ်ရာပေါ်မှာထိုင်နေတယ်၊ ဝမ်ရှောင်းယွင်ပြောသမျှကို မကြားချင်ယောင်ဆောင်နေတယ်။

သူက အခန်းထဲမှာ တန်ခိုးအကာအရံတစ်ခု ထားလိုက်တယ်။ သူက အကာအရံကို မဖယ်ပေးသရွေ့ အပြင်ကလူတွေ ဝင်လာလို့မရဘူး။

သူ အခု တကယ်ကို အလွန်စိတ်ဆိုးနေတယ်!

ဝမ်ရှောင်းယွင်က လွန်လွန်းတယ်! သူ့ကို ဒီတစ်ချိန်လုံး လိမ်ထားတယ်!

သူ သေချာပေါက် အကုန်လုံးကို သိထားတယ်၊ ကျွမ်းကျိုးက အခြားသူတွေရဲ့ အိပ်မက်တွေထဲ ဝင်နိုင်တဲ့ စွမ်းရည်ရှိတာကိုတောင်မှ သူသိနေလောက်တယ်။

ဒါပေမဲ့ ဒီတစ်ချိန်လုံး သူ့ကို လှည့်ဖြားနေခဲ့တယ်။

နတ်ဘုရားပုံတော်ကို ပိုက်ထားရင်းနဲ့ ကျွမ်းကျိုး စူပုပ်နေတော့တယ်: "ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ"

တကယ်လို့ ဝမ်ရှောင်းယွင်သာ သူ့ကိုမလှည့်ဖြားခဲ့ဘူးဆိုရင် သူ့ရဲ့အိပ်မက်ပေးတဲ့ စွမ်းရည်က ဟိုးအရင်ကတည်းက ချွတ်ယွင်းနေပြီဆိုတာ သူ(ကျွမ်းကျိုး) သိခဲ့မှာပဲ။

ဒါက သူ့ရဲ့လျှို့ဝှက်ဘဝနဲ့ သက်ဆိုင်နေတဲ့ အရေးကြီးပြဿနာတစ်ခုပဲ။

မဟာနတ်မင်းကြီးက အရင်က ပြောဖူးတယ်။ သူတို့ကလူသားဘဝနဲ့ နေနိုင်တယ် ဒါပေမဲ့ လူသားတွေကို သူတို့ဘယ်သူဆိုတာ အသိခံလို့မဖြစ်ဘူး။ မဟုတ်ရင် သူတို့ အလုပ်သင်ဘဝမှာ အမှတ်တွေ အလျှော့ခံရလိမ့်မယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now