ပိုပြီးရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် ကျောက်စိမ်းတစ်တုံးကို တန်ဖိုးတက်အောင်လုပ်တာနဲ့ တူတယ်။ လူတွေက စိတ်စွမ်းအားတွေနဲ့ ကျောက်စိမ်းကို တန်ဖိုးတက်အောင်လုပ်တယ်။ ကျောက်စိမ်းမှာ စိတ်စွမ်းအားရရှိသွားပြီဆိုရင် ကျောက်စိမ်းကလည်း လူကို တန်ပြန်ကြွယ်ဝချမ်းသာအောင် လုပ်ပေးလိမ့်မယ်။

သူဖန်တီးချင်တဲ့ နတ်ဘုရားပုံတော်က သူ့ရဲ့ပင်မခန္ဓာကိုယ်နဲ့ဆင်တူတဲ့ ဒီလို ပုံတော်မျိုးဖြစ်တယ်။ သူက ဒီနတ်ဘုရားရုပ်တုထဲ ပြန်ဝင်နေရင် တန်ခိုးစွမ်းအင်လည်း ပြန်ဖြည့်တင်းနိုင်လိမ့်မယ်။

ကျွမ်းကျိုးက အင်မတန် တိုးဖွတဲ့လေသံနဲ့ ပြောတယ်။ "ခင်ဗျားက ကျွန်တော့်ကို ဒါပေးခဲ့တယ်။ ခင်ဗျားဖြစ်နေလို့ကို ကျွန်တော် ဒါကို တခြားနတ်ဘုရားပုံတော်တွေနဲ့ မတူအောင် လုပ်ချင်တယ်"

ဒါကိုကြားတော့ ဝမ်ရှောင်းယွင်ရဲ့ နှလုံးသားက ချက်ချင်း ပျော့ပျောင်းသွားတော့တယ်။

သူဖြစ်နေလို့ပဲ ကျိုးကျိုးက ဝမ်ရှောင်းယွင်ပေးတဲ့ နတ်ဘုရားပုံတော်ကို ထူးခြားတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲပေးချင်ခဲ့တာပဲ။

အဲဒါကြောင့် ဝမ်ရှောင်းယွင်က အလျှော့ပေးလိုက်ပြီး အိပ်ခန်းဆောင်ကို တစ်ယောက်တည်း စောင့်ကြပ်ရမဲ့ လက်တွေ့အဖြစ်ကို တိတ်တိတ်လေး လက်ခံလိုက်တော့တယ်။

ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ဆောက်ပေးထားတဲ့ နတ်ဘုရားပုံတော်ထဲဝင်တဲ့အခါတိုင်းမှာ သူ့ရဲ့ပင်မခန္ဓာကိုယ်ကို သူ့ရဲ့တန်ခိုးစွမ်းအင်နဲ့ အားဖြည့်ပေးဖို့အတွက် ယူသွားတယ်။ တခြားသူတွေ ကျွမ်းကျိုးရဲ့အပြုအမူကို ထူးဆန်းတယ်လို့ ထင်မှာကို ရှောင်ရှားဖို့အတွက် ဝမ်ရှောင်းယွင်က နတ်ကွန်းရဲ့အလုပ်သမားတွေကို ညဘက် အပြင်ဘက်မှာ စောင့်ကြပ်ပေးဖို့ အထူးတလည် မှာထားတယ်။ သူတို့ကို အထဲဝင်ခွင့် မပြုဘူး။

နောက်ပြီး သံသယတွေကိုရှောင်ရှားဖို့အတွက် နေ့တိုင်း နတ်ကွန်းရဲ့ "တိုးတက်မှုကိုစစ်ဆေးဖို့" ဟန်ဆောင်ပန်ဆောင်နဲ့ ကျွမ်းကျိုးကို ခေါ်လာလေ့ရှိတယ်။ သူပြန်သွားတဲ့အခါမှာ ကြွယ်ဝခြင်းနတ်ဘုရားအပြင်ထိအောင် တန်းပြီး ကားပျံကို မောင်းထွက်သွားပြီး သူနဲ့ကျွမ်းကျိုး အိမ်ကို အတူတူပြန်သွားသလို ဟန်ဆောင်တယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now