ပြောပြီး Bus ကားမှတ်တိုင်က ခုံမှာ သွားထိုင်နေ၏။မိုးကာ ချွတ်လိုက်တော့ ဖြူဝင်းနေတဲ့ အသားအရေက မီးရောင်မှိန်မှိန်အောက်မှာ ပေါ်ထွက်လာ၏..တော်တော်ကြီးကို ဖြူတာဖြစ်ပြီး ညအမှောင်ထဲသွားရင်တောင် လင်းနေမယ့် အသား အရေမျိုးနဲ့ ဖြစ်သည်။သူ့ကို ဘာလို့ ချိန်း​ခြောက်သွားလဲ နားမလည်ပေမယ့် ထိုအဖြူကောင်လေးကို ဒဏ်ရာတွေနဲ့ ကောင်လေးက တအံ့တသြ လိုက်ငေးကြည့်နေ၏

"ဟိုကောင်လေး ဝေးဝေးမရောက်လောက်သေးဘူး...သူဘယ်လောက်ပြေးနိုင်မှာလဲ..."

အနောက်က ထွက်လာတဲ့အသံကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ မိုးကာခေါင်းစွပ်ကို ခေါင်းကို ကမန်းကတမ်းစွပ်လိုက်ရင်း အဖြူကောင်လေး အနားကို အပြေးအလွှား သွားရပ်နေလိုက်၏။ထိုအဖြူကောင်လေးကတော့ သူလုပ်သမျှကို မျက်မှောင်ကုတ်ပြီး ကြည့်လို့...။

"ဟေ့ကောင်လေးတွေ...ဒီနားမှာ ဒဏ်ရာတွေနဲ့ ကောင်လေးတွေ့မိကြလား..."

"...."

"ဟမ်..ငါမေးနေတယ်လေ.. နားမပါကြဘူးလား....ဟိုမိုးကာနဲ့ကောင်လေး မင်းမိုးကာ ချွတ်စမ်း..."

အမိန့်ပေးသလို ပြောလာတဲ့သူတွေက သူတို့ထက် အရပ်မြင့်ပြီး အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားများ ဖြစ်ဟန်တူသည်။

"သွားချွတ်ကြည့်စမ်း....ဟိတ်ကောင်တွေ..."

"ရပ်လိုက် !!!..." အဖြူကောင်လေးဆီက အသံထွက်လာတော့ မိုးကာနဲ့ကောင်လေးမှာ အားတက်သွားရ၏။လွယ်ထားတဲ့ ကျောပိုးအိတ်ရဲ့ ကြိုးစနှစ်ဖက်ကို ကျစ်နေအောင် ကိုင်ထားပြီး ခေါင်းကို ငုံ့ထားမိသည်။

"အကောင်သေးသေးလေးက စွာလှချည်လား..."

"သူ့ကို ထိရဲထိကြည့်လေ...မင်းတို့ဆွေစဥ်မျိုးဆက် တစ်ယောက်မှ အသက်မရှင်စေရဘူး..."

"အောင်မာ...မင်းက ဘာမို့လို့ ငါတို့ကို လာခြိမ်းခြောက်နေတာလဲ...မလောက်လေးမလောက်စားက..."

ထိုသို့ပြောတော့ အဖြူကောင်လေးက ထိုင်ရာမှထကာ ထိုသူရဲ့ ရှေ့တည့်တည့်လျှောက်သွားပြီး အိပ်ကပ်ထဲမှာထည့်ထားတဲ့ တစ်စုံတစ်ခုကို ပြလိုက်တဲ့အချိန်မှာတော့ ထိုသူတွေရဲ့ မျက်နှာတွေက သွေးမရှိတော့သလို ဖြူရော်သွားပြီး ချက်ချင်းဆိုသလို နောက်ဆုတ်သွားကြ၏။

Always With You (Completed)Where stories live. Discover now