Draco တကယ်ကို Harry ကို ခင်မိပါသည်။ စချင်းတုန်းက Daddy ပြောတဲ့အတိုင်း သူငယ်ချင်းလုပ်ဖို့ ပြောခဲ့ပေမယ် တွေ့ကတည်းက Daddy ကြောင့် မဟုတ်ပဲ သူနှင့် သူငယ်ချင်းဖြစ်မိသည်။ ကိုယ့်မှာက သူငယ်ချင်းမှ အဲ့လောက် မရှိပဲ။ Crabbe နဲ့ Goyle တော့ ရှိနေပေမယ့် သူတို့က Daddy မိတ်ဆက်ပေးထားလို့ စကားပြောဖြစ်ရုံလောက်သာ ဖြစ်သည်။ Pansy နဲ့လည်း အဲ့လောက် ရင်းနှီးလှသည်မဟုတ်။ Grace နဲ့ ရင်းနှီးတဲ့သူဖြစ်တဲ့အပြင် မိဘတွေကလဲ သိတာကြောင့် ပုံမှန်အတိုင်း စကားပြော​ဖြစ်ရုံလောက်သာပင်။

တကယ် သေသေချာချာ ပေါင်းဖြစ်သည်က ငယ်ကတည်းက သိခဲ့သည့် Grace တစ်ယောက်သာ ရှိသည်။ သူက တကယ်ကို ကောင်းတဲ့ သူငယ်ချင်းဖြစ်သည်။ အမြဲတမ်း ကိုယ့်ဘက်မှာပဲ ရှိနေပေးသည်။ တစ်ခါတစ်လေလည်း အမေလိုပင် အရမ်းပွစိပွစိနိုင်သည်။ ကိုယ့် Mommy တောင် အဲ့လောက်စကားများသည်မဟုတ်။ Professor Snape ကလည်း အဲ့လောက်စကားမများပါပဲ သူ့ကျမှ ဘာလို့ အဲ့လောက် များနေမှန်းမသိ။ ကိုယ့်ထက် လပိုင်းကြီးသည်ဆိုတော့လည်း ခွင့်လွှတ်ပေးလိုက်ပါ့မယ်လေ။ နောက်ပိုင်း Hogwarts ကို ရောက်လာမှ အဲ့လောက်စကားမများတော့။

တစ်ခါတစ်လေလည်း သူ့ဟာသူ ဘာတွေ တွေးနေမှန်း မသိ ကိုယ့်ကို ငေးရင်းနှင့် မျက်လုံးတွေ မှိတ်ကျသွားသည်အထိ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို ပြုံးနေတတ်သည်။ မေးလိုက်ရင်လည်း ခေါင်းသာ ခါပြီး ဘာမှ မဟုတ်ဘူး လို့သာ ဖြေသည်။ နည်းနည်းဂေါက်နေသလား လို့ပင်ထင်မိသည်။ အဲ့လိုတွေးမှန်းသာ Grace သိလျှင် ခေါင်းကို လာခေါက်ပြီး ပွစိပွစိနဲ့ ပြောပြီးတော့မည်မဟုတ်။ သမီးဖြစ်သူကို အလွန်းချစ်သော Professor Snape ကလည်း သူ့သမီးကို တစ်စက်မှ အပြောခံမည်မဟုတ်။ ပြောရင်းနှင့် ကျောတောင် ချမ်းလာသလို။

ဟိုဟိုဒီဒီ လျှောက်တွေးကာ လမ်းလျှောက်လာရင်းနှင့် ကိုယ့်အတွေးတွေကို ခဏရပ်ပြီး ရောက်နေတဲ့ နေရာကို ကြည့်လိုက်တော့ Gryffindor အခန်းနားကို ဖြစ်နေသည်။

"အမ်"

မသိလျှင် ကိုယ့်ခြေထောက်က ပုံမှန်လာနေကြ နေရာကို လာနေသလိုပင်။ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာမိမှန်းမသိ။ Harry ဆီကို စကားသွားပြောဖို့ စဥ်းစားတုန်း ဒီဘက်ကို လျှောက်လာမိသည် ထင်သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 02, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

I was transmigrated into Harry Potter's WorldDonde viven las historias. Descúbrelo ahora