Chapter 5

375 49 2
                                    

[Unicode]

Grace တစ်ယောက် သူ့အရင် ကမ္ဘာမှာ သူ့ကို ဂျင်းကျွေးသွားတဲ့ သူငယ်ချင်းကို နရင်းအုပ်လိုက်၊ ကျောချလိုက်လုပ်နေသည်။ သူ့ကိုလည်း ပါးစပ်ကနေ ပွစိပွစိပြောကာ လက်ကလည်း တဗုန်းဗုန်းနဲ့ ချနေသည်။ အသံကသာ ကျယ်နေသည်။ ကိုယ့်သူငယ်ချင်းကို အဲ့လောက်နာအောင်တော့ မရိုက်ရက်ပါ။ သူကလည်း ကိုယ့်အကြောင်းသိဆိုတော့ ရယ်နေသည်။ သူ့ကို ရိုက်ရတာ မောလာသဖြင့် ခဏနားရင်း ချထားသော ကိတ်မုန့်ကို စားဖို့ ပန်းကန်ကို ကိုင်လိုက်တုန်းမှာပင် Pansy ၏ အသံကို ကြားလိုက်ရသည်။

"Grace ထတော့ အခုမထရင် အတန်းနောက်ကျတော့မှာနော်"

"Grace စောစောကလည်း တစ်ခေါက်လာနှိုးထားတာကို ထမယ်ပြောပြီး ထမလာဘူး"

"Grace ထဖို့ အချိန်ရောက်ပြီ"

ကြောင်သွားသဖြင့် ဟိုကြည့်ဒီကြည့် လုပ်လိုက်တော့ ကိုယ့်နားမှာ Pansy နှင့် တူသောသူ တစ်ယောက်မှ မတွေ့။ ထို့ကြောင့် ကိုင်ထားသော ပန်းကန်ထဲမှ ကိတ်ကို ခက်ရင်းနဲ့ ထိုးပြီး ပါးစပ်ထဲ ထည့်နေချိန်မှာပင်

"Grace!!!"

Grace လို့ ခေါ်သံအကျယ်ကြီးကို ကြားလိုက်ရသည့်အပြင် တင်ပါးတစ်ခြမ်းကလည်း ပူထူသွားသည်။ ကိုင်ထားသော ကိတ်မုန့်ပန်းကန်နှင့် ပါးစပ်ထဲ ထည့်ဖို့ လုပ်ထားသော ခက်ရင်းကပါ လွတ်ကျသွားသည်။ ထို့ကြောင့် စိတ်တိုတိုနှင့် ထကာ ဘေးနားက လူကို ကြည့်လိုက်တော့ Pansy ဖြစ်နေသည်။ ကိုယ်ထလာတာကို မြင်တော့

"နိုးလာသေးတယ်နော် ဒီတစ်ခါမှ မနိုးရင် ထားခဲ့လိုက်တော့မလို့ အတန်းချိန်က နီးနေပြီ မြန်မြန်လုပ်ပြီး ထွက်ခဲ့တော့"

"အမ် ဘာ ဘာအတန်းတွေ ​ပြောနေတာလဲ"

"Hogwarts မှာ နင်တက်ရမယ့် အတန်းတွေလေ အိပ်ချင်မူးတူးနဲ့ သွား သွား မြန်မြန်သွားလုပ် ခဏစောင့်ပေးမယ်"

Hogwarts အသံကြားမှ မျက်လုံးသေချာပွင့်သွားသည်။ ထိုအချိန်မှ

*အော် ဟိုကောင့်ကို စပါယ်ရှယ်တွယ်ခဲ့တာ အိပ်မက်ကိုး အဲ့လိုမှန်းသိ နာအောင် ရိုက်ခဲ့ပြီး ပါးစပ်ထဲ ကိတ်ကို မြန်မြန်သွင်းလိုက်ပါတယ် ဘေးက ဖျော်ရည်ပါ သောက်ခဲ့မှာပေါ့*

I was transmigrated into Harry Potter's WorldWhere stories live. Discover now